ပေါင်းတည်၌ ထိန်းချုပ်ကန့်သတ်ထုတ်ပြန်ထားသော စိုက်ပျိုးရေးသုံးဆေးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ ထိန်းချုပ်ကန့်သတ်ထုတ်ပြန်ထားသော စိုက်ပျိုးရေးသုံးဆေးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး



ပေါင်းတည်  ၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်သတ်ထုတ်ပြန်ထားသော ပိုတက် ပိုးသတ်ဆေးများအပါအဝင် ထိန်းချုပ်ကန့်သတ်ထားသော စိုက်ပျိုးရေးသုံးဆေးများရောင်းချမှုမရှိစေရေးနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ‌ရေး စစ်ဆေးခြင်းကို တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထိုသို့ဆောင်ရွက်စဉ် စိုက်ပျိုးရေးဆေးရောင်းဝယ်ရေး လုပ်ကိုင်သူများအား နိုင်ငံတော်မှ ကန့်သတ်ထုတ်ပြန်ထားသော စိုက်ပျိုးရေးဆေးများနှင့်ပတ်သက်၍ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရေးတို့ကို အသိပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)