မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)နှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)နှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ




တောင်ကြီး  ၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)နှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးသိန်းသန်းထွန်း၏ မပန်းပွင့်မိုးနှင့် အခြားကဗျာများ စာအုပ်ပေးအပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခွန်စိန်ဝင်း (မောင်ခွန်နွယ်-အင်းလေး)က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးသိန်းသန်းထွန်း၏ မပန်းပွင့်မိုးနှင့် အခြားကဗျာများစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကဗျာစာအုပ်၊ ဂါရဝလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကို ဆရာကြီးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ယင်းနောက် မပန်းပွင့်မိုးနှင့် အခြားကဗျာများစာအုပ်နှင့် ပတ်သက်၍ ဆရာကြီး ဦးသိန်းသန်းထွန်းက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးသိန်းသန်းထွန်း၏ မပန်းပွင့်မိုးနှင့် အခြားကဗျာများ စာအုပ်ပေးအပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း(ဗဟို)၊ ရှမ်းပြည်နယ်စာရေးဆရာအသင်းနှင့် တောင်ကြီးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)