ပျဉ်းမနား၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ ဘက်စုံခြံ၊ စိုက်ခင်း(၁၅)ဧကတွင် စိုက်ပျိုးထားရှိသည့် ရုရှားနေကြာမျိုးများ ဖြစ်သည့် MAKHAON ၊ VULKAN နှင့် IPPOLIT မျိုးများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ နေကြာပန်းပွင့်ချိန် ရောက်ရှိပြီဖြစ်၍ ပိုးမွှားရောဂါကျရောက်မှုမဖြစ်ပွား စေရေး ဂရုပြုဆောင်ရွက်ပြီး အထွက်နှုန်း ကောင်းမွန်စေရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ်သမဝါယမအသင်းစု ကြက်မွေးမြူရေးခြံရှိ New Hope ကြက်မျိုး ကောင်ရေ ၄၀၀၀ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ တပ်ပိုးကျေးရွာသို့ သွားရောက်၍ အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများနှင့် နို့စားနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများ မဖြစ်ပွားစေရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဘောဂသီရိရပ်ကွက်နှင့် ကင်ပွန်းတန်းဈေးဆက်သွယ်ထားသည့် ခရေလမ်းပေါ်ရှိ ငလိုက် ချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တံတားလုပ်ငန်းကို သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ် စံချိန်၊ စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment