ဖေဖော်ဝါရီ - ၁၇ ( အင်္ဂါနေ့ )
ပြင်သစ်သမ္မတ အမ္မာနျူရယ် မာခရွန် က အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် သမ္မတကတော် နှင့်အတူ တနင်္လာနေ့ညတွင် မွမ်ဘိုင်းမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ပြင်သစ်သမ္မတနှင့် သမ္မတကတော်တို့အား မဟာရာရှတ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ဝန်ကြီးချုပ် တို့က မွမ်ဘိုင်းလေဆိပ်တွင် ကြိုဆိုခဲ့ပါတယ်။
ခရီးစဉ်အတွင်း မာခရွန်က ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နဲ့ တွေ့ဆုံရန် စီစဉ်ထားပြီး ဉာဏ်ရည်တုနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖွယ်ရှိပါတယ်။ ရဟတ်ယာဉ်များနှင့် ဟမ္မား ပဲ့ထိန်းဒုံးကျည်များ ပူးတွဲထုတ်လုပ်ခြင်း အပါအဝင် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အသစ်တဖန် တွန်းအားပေးရန်အတွက် အဓိက အာရုံစိုက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ထူးခြားချက်မှာ ယခုခရီးစဉ်သည် ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ မာခရွန်ရဲ့ စတုတ္ထမြောက် ခရီးစဉ်ဖြစ်ပြီး အိန္ဒိယ-ပြင်သစ် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အတွက် အချက်ပြခြင်းဖြစ်ပြီး အေအိုင် ( ဉာဏ်ရည်တု ) ပူးပေါင်းဆောင်ရွက်မှု နှင့် ပေါ်ပေါက်လာသော နည်းပညာများကို အထူးအာရုံစိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် မိုဒီ နဲ့ ပြင်သစ်သမ္မတ မာခရွန်တို့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အကောက်ခွန်မူဝါဒများ နဲ့ တရုတ်နိုင်ငံရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုတို့နှင့် ဆက်စပ်နေတဲ့ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများကို ဆွေးနွေးကြရန် မျှော်လင့်ထားကြောင်း သတင်းများအရ သိရပါတယ်။
ဆွေးနွေးပွဲများသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲစေရန်နှင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိပြီး ကာကွယ်ရေးနှင့် အာကာသဆိုင်ရာလုပ်ငန်းများပါဝင်ပါတယ်။ အိန္ဒိယမှာ ပြင်သစ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရှိပါတယ်။
REF: News 18
#News #MNP


No comments:
Post a Comment