မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော်ရွှေကျောင်းတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော်ရွှေကျောင်းတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


မန္တလေး၊ ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင် သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ဖူးမြော်ကြသည်။

ဦးစွာ သီတဂူဝိပဿနာအကယ်ဒမီကျောင်းရှိ သီတဂူစန္ဒြကန္တိကျောင်းဆောင်၌ သီတင်းသုံးတော် မူနေသည့်သီတဂူဆရာတော်ကြီးအား ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒများခံယူခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး မန္တလေးငလျင် ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော် ရွှေကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက် ပြီးစီးမှုအခြေအနေများ၊ စိန်ဖူးတော်ကြီး၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူဇော်နိုင်ရေးနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ငှက်မြတ်နားတော်တွင်ချိတ်ဆွဲရန် အလှူရှင်မိသားစုဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးအောင်အောင်နှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ (ဂရိတ်စိန်-စိန်ရွှေရတနာ ဆိုင်) မိသားစုက လှူဒါန်းသည့် မိုးကုတ်ပတ္တမြား ၁၀၉ ပွင့်၊ စိန်ဖွေးသန့် ၈၅ ပွင့်၊ ရွှေတန်ချိန် ၁၆ ဒသမ ၀၁၆ ဂရမ်အား လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဂေါပအဖွဲ့ဝင်များကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း၊ မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)