အနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ အစ္စရေး ပြင်ဆင်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ အစ္စရေး ပြင်ဆင်နေပြီ



ဖေဖော်ဝါရီ - ၁၀  ( အင်္ဂါနေ့ ) 

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)၊ အာရပ် မွတ်ဆလင်နိုင်ငံများနှင့် အီးယူတို့မှ ရှုတ်ချနေပေမဲ့ အစ္စရေးက အနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် ၎င်းရဲ့ မူဝါဒများကို ပြန်လည်ပြင်ဆင်မှုတစ်ရပ်အား လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ 

အနောက်ဘက်ကမ်းဒေသ အများစုက အစ္စရေးစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိနေပေမဲ့ ပါလက်စတိုင်းတွေ ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိနေတဲ့အချို့နေရာတွေ ကျန်နေပါသေးတယ်။ အနောက်ဘက်ကမ်း နယ်မြေတွေကို နယ်မြေ A၊ B နှင့် C ဆိုပြီး ပိုင်းခြားထားပါတယ်။ အစ္စရေး အခြေချနေထိုင်သူများ အများစုတည်ရှိရာ ဧရိယာ C တွင် အစ္စရေးက လုံခြုံရေးနှင့် အရပ်ဘက်ရေးရာများကို ထိန်းချုပ်ထားပါတယ်။ 

ပါလက်စတိုင်းတွေအပေါ်ကို အစ္စရေးအာဏာပိုင်များက သြဇာအာဏာပိုပေးနိုင်ဖို့ အနောက်ဘက်ကမ်းတွင် အစ္စရေးအခြေချနေထိုင်သူများအတွက် မြေယာဝယ်ယူခွင့် ပိုမိုလွယ်ကူစေရန် အစ္စရေးကက်ဘိနက်က အတည်ပြုထားသော ပြုပြင်ပြောင်းလဲမှုများ တနင်္ဂနွေနေ့တွင် လုပ်ခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် နှင့် ဘဏ္ဍာရေးဝန်ကြီး ဘန်ဇလတ်စမိုထရစ်တို့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Times of Israel သတင်းဌာန က အဆိုပါ အရေးယူဆောင်ရွက်မှုများတွင် ဂျူး နိုင်ငံသားများအား အနောက်ဘက်ကမ်းဒေသတွင် မြေဝယ်ခြင်းမှ တားဆီးတဲ့ ဆယ်စုနှစ်များစွာ သက်တမ်းရှိ စည်းမျဉ်းများကို ဖယ်ရှားခြင်း ပါဝင်ပါတယ်။ 

၎င်းတို့တွင် အချို့သော ဘာသာရေးဆိုင်ရာနေရာများကို အစ္စရေးအာဏာပိုင်များက ကြီးကြပ်ရန် နဲ့  ပါလက်စတိုင်းအာဏာပိုင်များက အုပ်ချုပ်တဲ့ နယ်မြေများတွင် ကြီးကြပ်ကွပ်ကဲမှုနှင့် ကြပ်မတ်မှု တိုးမြှင့်ရန် ပြဋ္ဌာန်းချက်များ ပါဝင်တယ်လို့ သတင်းဖော်ပြချက်မှာ ပါဝင်ပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ 'ငြိမ်းချမ်းရေးဘုတ်အဖွဲ့' လက်အောက်ရှိ ပါလက်စတိုင်း နည်းပညာရှင်အဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးထည့်သွင်းထားပြီး ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ် အုပ်ချုပ်မှုပေးတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်ဘက်ကမ်း ဒေသကို အစ္စရေးအား သိမ်းပိုက်ခွင့်မပြုဘူးလို့ ထရမ့်က အလေးပေး ပြောကြားထားတာရှိပါတယ်။ 

PA ကတော့ အစ္စရေး၏ “ဥပဒေမဲ့ တရားမဝင်” ဆုံးဖြတ်ချက်များကို ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂနှင့် အမေရိကန်တို့က ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေးနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အာရပ်နှင့် မွတ်ဆလင်နိုင်ငံများကို တောင်းဆိုနေစဉ် ပဋိပက္ခကို “အရှိန်မြှင့်ရန်” တိုက်တွန်းခဲ့ပါတယ်။ 

အဲ့ဒိအစ္စရေး ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို အီးယူနှင့် အီဂျစ်၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ Türkiye၊ ဆော်ဒီအာရေးဗီးယားနှင့် ကာတာတို့မှ နိုင်ငံခြားရေး ဝန်ကြီးများက ရှုတ်ချခဲ့ပြီး ဝန်ကြီးများရဲ့ ကြေညာချက်တွင် အစ္စရေးရဲ့ “ဆက်လက်ချဲ့ထွင်ရေး” မူဝါဒများကို ဆန့်ကျင်တယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအား အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။ 


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)