ပြည်ပြေး ဝရမ်းပြေး CRPH, NUG နဲ့ တသားတည်းရှိခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုကို အစဉ်သဖြင့် ဝန်းရံခဲ့တဲ့ အဆိုတော် ဖြူဖြူကျော်သိန်း က တော်လှန်ရေးအကြောင်းပြပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လုပ်စားနေသူများနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာမျိုး မရှိပေမယ့် ယခုအခါမှာတော့ တော်လှန်ဂျင်းတွေ၊ တော်လှန်ဂိုဏ်းစတားတွေကို ခွါချပြမယ်လို့ ဆိုလာပါတယ်။
ပြည်ပြေး ဝရမ်းပြေး အုပ်စုဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်း က "၁ လနဲ့ နိုင်မယ်တို့၊ ၆ လနဲ့ နိုင်မယ်တို့၊ ၁ နှစ် ၂ နှစ်နဲ့ နိုင်မယ်တို့ ထင်လို့…ခါတော်မီ ရပ်တည်ခဲ့တာမဟုတ်လို့ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ ကိုယ့်နိုင်ငံနဲ့ လူမျိုးရဲ့ အနေအထားနဲ့သမိုင်းကြောင်းကို အစဉ်တစိုက် စိတ်ဝင်စားခဲ့တာမို့…ကိုယ့်ကျွမ်းကျင်မှုနဲ့ ရေရှည် ဘာလုပ်ပေးနိုင်မလဲ ဆိုတာပဲ Day 1 တည်းက အာရုံစိုက်ခဲ့တယ်။ ရဲရဲတောက်တွေလည်း မပြောတတ်ဘူး။ ဖြတ်လမ်းလည်း မလိုက်ဘူး။ Popular trend တွေလည်း မလိုက်တတ်ဘူး။ Popular ဖြစ်ဖို့ ရပ်တည်ခဲ့တာမှမဟုတ်တာ။ ဖြူဖြူ့ရဲ့ ၂၀၂၆ အတွက် mission ကတော့ တလဂျင်းတွေ၊ တလဂိုဏ်းစတားတွေ ကိုယ့် ပတ်ဝန်းကျင်မှာ အပြီး ခွာချမယ်။ ဒါတွေ ရှိနေသ၍ ခရီးဖင့်နေမှာပဲ။ အဲ့လိုလူတွေ ကိုယ့်အကြောင်းကိုယ်သိပြီး အချိုးတွေ အချိန်မီပြင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ တလရ ထက်၊ ပြည်သူထက် ပိုအရေးမကြီးဘူး။ ဖြူဖြူသည် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဘယ်ခေတ်ကမှ ဘာအကျိုးစီးပွါးမှ ဆက်ယှက်မှု မရှိတဲ့အတွက် ဘာမျက်နှာမှလည်း ထောက်စရာမရှိဘူး။" လို့ ဆိုပါတယ်။
ပြည်ပြေး ဝရမ်းပြေး အုပ်စုဝင် ဖြူဖြူကျော်သိန်း က "နောက်တစ်ချက်က ဖြူဖြူဟာ ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံရေးတွေ၊ activism တွေမှာ ဘယ်တော့မှ ဝင်မငံပါဘူး။ ကိုယ့် profession၊ ကိုယ့် industry၊ ကိုယ့် လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေ၊ ကိုယ့် ပရိသတ်ပြည်သူတွေ အပေါ်မှာ တလွဲလုပ်တာတွေ၊ မတရား ထိပါးတာတွေ၊ ဂိုဏ်းစတားဆန်ဆန် ပြုမူလာတာတွေ ရှိလာရင်တော့… ဘယ်နန်နန်ဂျားနေနေ၊ ဘာကောင်ကြီးတွေ ဖြစ်ဖြစ်၊ ဘာခေါင်းစဉ်ဖြစ်ဖြစ်၊ ဘာအဖွဲ့အစည်းဖြစ်ဖြစ် သည်းခံမည်မဟုတ်ပါ။ စည်းလုံးမှုပြိုကွဲမစိုးလို့ အမှိုက်တွေကို ဖုံးပေးထားရမယ်ဆိုတာ အဲ့အမှိုက်တွေနဲ့ အကျိုးစီးပွားတူသူတွေက ပြည်သူကို ထည့်တဲ့ဂျင်းပါ။ ဒါမှ သူတို့ လုပ်ချင်ရာလုပ်လို့ ရနေမှာလေ။ တကယ်က အကျင့်ပျက်တဲ့သူတွေကို ဖယ်ထုတ်လိုက်မှသာ လူထုယုံကြည်မှု ပိုရမှာပါ။ ၂၀၂၆ မှာ ဖြူဖြူကတော့ ကိုယ်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ကိစ္စတွေမှာ အဲ့ဒါတွေကို ဖယ်ထုတ်မှာပါ။ တခြားသူတွေလည်း ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်းမှာ ဒီမူကို ကျင့်သုံးနိုင်မယ်ဆိုမှ ပြည်သူအပေါ်၊ တလရအပေါ် တာဝန်ကျေမယ်လို့ ထင်ပါတယ်။ ကိုယ့်နားကကိစ္စ ကိုယ့်တာဝန်ပါပဲ။ ဖြူ့ပရိသတ်တွေလည်း ကိုယ်နိုင်တာလေး ကိုယ်လုပ်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က တလအမှိုက်သရိုက်တွေကို အပြီးရှင်းထုတ်ကြရအောင်ပါ။ အဂတိဆိုတာ ပိုက်ဆံတစ်ခုတည်းမှ မဟုတ်တာ။ ပိုက်ဆံရှိတိုင်းသာ နိုင်မယ်ဆိုရင်လည်း အဘ နိုင်တာကြာရောပေါ့။ မဟုတ်ဘူးလား။" လို့ ဆိုထားပါတယ်။
ပြည်ပြေး ဝရမ်းပြေးများထဲမှာ အနုပညာနယ်ပယ် က လင်းလင်း၊ ချစ်သုဝေ တို့ အကြမ်းဖက်လှုံ့ဆော် လင်မယားနဲ့အတူ Rဇာနည်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ မင်းမော်ကွန်း၊ ဖြူဖြူကျော်သိန်း တို့ဟာ CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ တသားတည်း ရပ်တည်နေသော်လည်း တော်လှန်ရေးအကြောင်းပြ ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေကို သိမြင်လာတဲ့ အခြေအနေကို ဖြူဖြူကျော်သိန်း က ရင်ဖွင့်ထားတာမျိုး ဖြစ်ပါတယ်။
#MNP #News

No comments:
Post a Comment