မြောက်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ပရိတ်တရားများ မြို့တစ်ပတ်လှည့်လည် ရွတ်ဖတ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ပရိတ်တရားများ မြို့တစ်ပတ်လှည့်လည် ရွတ်ဖတ်ပူဇော်





မြောက်ဥက္ကလာပ၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးပြုလုပ်သည့် ဆဠမအကြိမ်မြောက်  မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက်   သြ၀ါဒဆရာတော်ကြီးများ ဦးဆောင်၍ ပရိတ်တရား‌ တော်များအား ယမန်နေ့ ညနေပိုင်းက မော်တော်ယာဉ်များဖြင့် မြို့တစ်ပတ်လှည့်လည်ပူဇော်ရွတ်ဖတ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးပြုလုပ်သည့် ဆဠမအကြိမ်မြောက်  မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရပ်ကွက်သံဃနာယကဥက္ကဋ္ဌတို့မှဦးဆောင်၍ ပင့်ဆရာတော်သံဃာ ၂၁ပါးဖြင့် မြို့နယ်အတွင်း လမ်းမကြီး ၊ လမ်းသွယ် ၊ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်ပတ်ကာ မေတ္တာသုတ်နှင့် ဝဋသုတ်တို့အားရွတ်ဖတ်ပူဇော်မှု များ ဆောင်ရွက်ခဲ့ကြသည်။မြောက်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် ဆရာ တော် ၊ သံဃာ တော်များက ပရိတ်တရားများ လှည့် လည်ပူဇော်ခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့်၁၄ ရက် နှစ်ရက် ပူဇော်ဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)