တရုတ်စီးပွားရေးအတွက် ကိုယ်နိုင်ငံအချုပ်အခြာ စွန့်လွှတ်ရသလားဆိုပြီး အမေရိကန်က ချီလီကို အပြစ်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်စီးပွားရေးအတွက် ကိုယ်နိုင်ငံအချုပ်အခြာ စွန့်လွှတ်ရသလားဆိုပြီး အမေရိကန်က ချီလီကို အပြစ်တင်



ဖေဖော်ဝါရီ - ၂၅ ( ဗုဒ္ဓဟူးနေ့ ) 

တရုတ်နိုင်ငံပိုင် ချိုင်းနားမိုဘိုင်း ကျောထောက်နောက်ခံပြုထားသော ချီလီ - တရုတ် အိတ်စပရက် လို့ လူသိများတဲ့ ပင်လယ်အောက် ဖိုက်ဘာ အော်ပတစ် ကေဘယ်လ်ပရောဂျက်ကို တိုးမြှင့်လုပ်ကိုင်နေခြင်းက ချီလီနိုင်ငံ အပါအဝင် ဒေသတွင်းကိုယ်ပိုင်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အန္တရာယ်ကျရောက်စေတယ်လို့  အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ 

တရုတ်စီမံကိန်းတွေက ချီလီနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပြီး သိသာထင်ရှားတဲ့ မဟာဗျူဟာနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ဝါရှင်တန်က ပြောကြားခဲ့ပါတယ်။ "လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးတွေနဲ့ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ချီလီလုံခြုံရေး အတွက်သာမက ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုတွေအတွက် စိုးရိမ်ပူပန်မိကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ပါတယ်" လို့ ချီလီနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဘရန်ဒန်ဂျဒ်က ဆန်တီယာဂိုရှိ အမေရိကန်သံရုံး၌ တနင်္လာနေ့တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသော စီမံကိန်းသည် အကဲဖြတ်နေဆဲဖြစ်ကြောင်း ချီလီတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ချီလီနှင့် ဟောင်ကောင်ကြားရှိ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ၁၂၃၄၉ မိုင်ခန့် သွယ်တန်းထားသော ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်ရန်နှင့် လည်ပတ်ရန်အတွက် နှစ် ၃၀ သက်တမ်းတိုးခွင့်ကို ဇန်နဝါရီ ၂၇ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ 

မကြာသေးမီ ရက်ပိုင်းအတွင်းက တရုတ် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကြား ကျယ်ပြန့်သော ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှ စီမံကိန်းကို စွန့်လွှတ်ရန် ချီလီနိုင်ငံအပေါ် အမေရိကန်က ဖိအားများ ဆက်ပေးနေပါတယ်။ 


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)