ဖေဖော်ဝါရီ - ၂၆ ( ကြာသပတေးနေ့ )
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ကျူးဘားနယ်ခြားစောင့်တပ်များ နဲ့ အမေရိကန်အလံ တပ်ထားတဲ့ စပိဘုတ်သင်္ဘောတို့ကြား သေနတ်ပစ်ခတ်မှုတွင် အမေရိကန်အစိုးရ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး ယင်းဖြစ်ရပ်မှာ အလွန်ထူးခြားတယ်လို့ ဆိုလိုက်ပါတယ်။ ကျူးဘားနဲ့ အမေရိကန်နိုင်ငံရေး တင်းမာမှု ဖြစ်ပေါ်နေချိန်မှာ အခုလိုပစ်ခတ်တိုက်ခိုက်မှု က စစ်ပွဲဖြစ်လာနိုင်စရာ ဖြစ်တာကြောင့် မီဒီယာသမားတွေကို သတင်းဖော်ပြရမှာ သတိထားဖို့လည်း ပြောလိုက်ပါတယ်။
ဗယ်လာကလာရာ ပြည်နယ်အနီးရှိ ကျွန်းပိုင်နက်ရေပြင်တွင် ကျူးဘားနယ်ခြားစောင့်တပ်က အမေရိကန် အလံတင် စပိဘုတ်တစ်စင်းကို စစ်ဆေးမှုလုပ်နေစဉ် အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း ကျူးဘားအာဏာပိုင်များက မနေ့က ကြေညာခဲ့ပါတယ်။
အဆိုပါ သင်္ဘောသည် အမေရိကန်ရေတပ် သို့မဟုတ် အမေရိကန်ကမ်းခြေစောင့်တပ်နှင့် မသက်ဆိုင်ကြောင်း၊ စိန့်ကစ်နှင့် နီဗစ်သို့ သံတမန်ခရီးစဉ်အတွင်း ရူဘီယိုက သတင်းထောက်များကို ပြောကြားကာ အမေရိကန်အစိုးရအနေနဲ့ အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ပြီး ခိုင်မာတဲ့ သတင်းအချက်အလက်တွေ မထုတ်ပြန်မချင်း လွတ်လပ်သော သတင်းဌာနတွေအနေနဲ့ ထင်ကြေးပေးမှုများကို ရှောင်ရှားသင့်ကြောင်း ပြောသွားပါတယ်။
“ဒါနဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ထုတ်ပြန်ပေးမှာပါ။ ခင်ဗျားတို့သိချင်တဲ့အရာတွေ အတိအကျရမှာပါ။ လောလောဆယ် ၂ဖက်အစိုးရ တိုက်ရိုက်ဆွေးနွေးမှုတွေ မလုပ်ရသေးပါဘူး” လို့ ပြောသွားပါတယ်။
အမေရိကန်ဥပဒေအရ ကျူးဘားရေပိုင်နက်အတွင်းသို့ အမေရိကန်အလံတင် သင်္ဘောများမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားမြစ်ထားပါတယ်။ ဒါပေမဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရေလမ်းကြောင်းက လူမှောင်ခိုကူးတဲ့ နေရာဖြစ်တယ် လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment