ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်မှ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်မှ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းပြုလုပ်ပေး


ပဲခူး  ၊ ဖေဖော်ဝါရီ ၂၄

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ဇိုင်းဂနိုင်း‌တောင်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းပြုလုပ်ပေးကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေတို့က ဆေးကုသမှုခံယူကြသည့် သံဃာတော်အပါး(၂၀၀)ခန့်အား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ သွား၊ကလေး၊အရေပြားနှင့်အထွေထွေရောဂါ(ဖျားနာ) အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက်ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)