လက်တွေ့ကျကျ တပ်မတော်နဲ့ ပူးပေါင်းလိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးပျူပျူငှာငှာ ဖော်ဖော်ရွေရွေနဲ့ ကြိုဆို ကြတယ် ဟု BNRA အဖွဲ့မှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက ပြောဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်တွေ့ကျကျ တပ်မတော်နဲ့ ပူးပေါင်းလိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးပျူပျူငှာငှာ ဖော်ဖော်ရွေရွေနဲ့ ကြိုဆို ကြတယ် ဟု BNRA အဖွဲ့မှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက ပြောဆို






နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၀

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက် အားကိုးဖြင့် အနိုင် ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့များအချင်းချင်း အချိန်ကြာမြင့် လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့ တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံ လာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အဆိုပါသတင်းအား ထုတ်ပြန်ပြီး ဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာမှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်း ဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦး သည် လက်နက် မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ် စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံလုံခြုံရေး တပ်ဌာနချုပ်မှ တာဝန်ရှိသူ များက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပြီး BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် တတိယ တာဝန်ခံအဆင့်ရှိသူ တို့၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်။


ကျွန်တော်ကတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကတာဝန်ရှိတဲ့သူ တစ်ဦးပါ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကိုရောက်ရှိသွားတဲ့ ပုံစံကတော့ ကျွန်တော်တို့ ၂၀၂၁ နောက်မှာ တိုင်းပြည်ရဲ့ ကောင်မွန်တဲ့အခြေအနေတစ်ခုကို သွားကြ တယ်ပေါ့။ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတယ်လို့ပြောကြတယ်။ တကယ့်လက် တွေ့ ဒီအခြေအနေတွေကို ဘာပဲပြောပြော ခေတ်ရေစီးကြောင်းအတိုင်း လုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့လည်း ဝင်ပြီးတော့ နိုင်တဲ့နေရာကနေ တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီနောက်မှာ ကျွန်တော်လည်း မှန်မှန်ကန်ကန်လုပ်နေတယ်လို့ ယုံကြည်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လို့ ဗမာအမျိုးသားတော်လှန်တပ်မတော်ကို ဝင်ပြီးကာမှ လုပ်ဖြစ်ခဲ့ တယ်ပေါ့။ ကျွန်တော်ဒီလိုမျိုး အလင်းဝင်ဖို့အတွက် ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းက တော့ ကျွန်တော်တို့က ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရည်ရွယ်ပြီးကာမှ နိုင်ငံရေး အခင်အကျင်းမှာ နိုင်တဲ့နေရာကနေ ဝင်ထမ်းမယ်ဆိုပြီးတော့ ဝင်ခဲ့တယ်။ ပိုကောင်းတဲ့ အခြေအနေတွေကိုလည်း ရည်ရွယ်ခဲ့တယ်။ အခုလက်ရှိတော်လှန်ရေးထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေက ပိုကောင်းတဲ့ အခြေအနေတစ်ခုကို သွားနေတယ်၊ ရောက်မယ်လို့ မခံစား ရတော့ဘူး။ မခံစားရဘူးဆိုတာကလည်း ကျွန်တော်တို့ စိတ်ခံစားချက်အရ ဖြစ်တာ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ ပကတိအခြေအနေတွေကို မြင်နေရတယ်၊ တွေ့နေ ရတယ်။ နောက်တစ်ခုကြတော့ လက်ရှိအခြေအနေမှာက တစ်ဖက်မှာပေါ့နော် ကျွန်တော်တို့ အပေါ်မှာ အဆုံးသက်ရေးတွေ၊ ပျက်ပြားရေးတွေ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ပုံစံမျိုးတွေနဲ့ အဖက်ဖက်ကနေပြီး ပြည်သူတွေ အပေါ်မှာရော၊ အချင်းချင်းတွေအပေါ်မှာရော မိတ်ဖက် ပဋိပက္ခတွေဆိုတာထက် ပိုတဲ့ပုံစံမျိုးတွေနဲ့ ခံစားရတယ်၊ ကြုံတွေရတယ်။ အဲတော့ ကျွန်တော်တို့ဒီဟာတွေကို နဖူးတွေ့ဒူးတွေ့ရင် ဆိုင်ပြီးတဲ့ နောက်မှာတော့ ဒီဟာတွေက ဘယ်နည်းနဲ့မှ ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်မယ်လို့ မယုံကြည်တော့ဘူး။ မယုံကြည်တဲ့အတွက်ကြောင့်မို့ တစ်ဖက်မှာလည်း ဒီဘက်ကိုသွားပေါင်းမယ်ဆိုရင်လည်း အလင်းဝင်မယ်ပေါ့ဗျာ၊ အလင်းဝင်မယ်ဆိုရင်လည်း ဟုတ်ပါ့မလား၊ အဆင်ပြေပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးလည်းရှိတာပေါ့။ တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့ လက်တွေ့ကျကျပူးပေါင်းလိုက်တဲ့ အခါကျတော့ ဘာဖြစ် လာလည်းဆိုတော့ ပျူငှာစွာနဲ့ ကြိုဆိုတယ်။ ကျွန်တော်အလင်းဝင်လာတဲ့ အချိန်မှာဆိုရင်လည်း တာဝန်ရှိတဲ့သူတွေ ဆင့်ကဲဆင့်ကဲပေါ့ ၊ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးပျူပျူငှာငှာ ဖော်ဖော်ရွေရွေနဲ့ ကြိုဆို ကြတယ်။ အဲအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့ တော်လှန်ရေး ရဲဘော် တွေပေါ့နော် ကျွန်တော့် ရဲဘော်တွေအတွကပြောချင်တာက ဘာလည်းဆိုတော့ အခု လက်ရှိအခြေအနေကနေ ကောင်းမွန်တဲ့အနေအထားတစ်ခုကို ရောက်ဖို့ဆိုတာ တော်တော် လေးကို မဖြစ်နိုင်တော့ဘူးပေါ့နော်။ အဲအတွက်ကြောင့် ကျွန်တော်တို့အသက်တွေ ၊ ဘဝတွေ ၊ ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေကို ဘာအတွက် စတေးနေမှာလည်း အလင်းဝင်လာတဲ့ အချိန်မှာလည်း ကျွန်တော်တို့မြင်ထားတဲ့ ပုံစံတွေနဲ့ တစ်ခြားစီပဲ ။ ကျွန်တော်တို့ကို အကောင်းဆုံးပုံစံနဲ့ ကြိုဆိုတယ်။ အဲတာကြောင့်မလို့ နီးစပ်ရာနယ်မြေခံတာဝန်ခံတွေနဲ့ ပေါင်း စပ်ပြီးကာမှ ပူးပေါင်းကြဖို့ ၊ အလင်းဝင်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။


ကျွန်တော်ကတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တပ်ဖွဲ့ဝင်တစ် ယောက်ဖြစ်ပါတယ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ထဲကို ဝင်ရောက်လာခြင်းက ပြည်သူလူထုအကျိုးကို အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်မယ့် အဖွဲ့အစည်းတစ်ရပ်အဖြစ်သာ ကျွန်တော်တို့ရှု့မြင်ပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအလင်းဝင်ရောက် လာတာက တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့အကျိုးကို အကောင်းမွန်ဆုံး မဖြစ်ဘဲနဲ့ ဒီပူးပေါင်းဆောင်ရွက်တဲ့ ကဏ္ဍတွေမှာလည်း အတတ်နိုင်ဆုံးအဆင်ပြေဆုံး မရှိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့တော်လှန်ရေးက တဖြည်းဖြည်းနဲ့ ပြည်သူလူထုတွေ ပိုပြီးဆင်းရဲမွဲတေ ဒုက္ခကြုံတွေ့နေရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မြန်မာ့တပ်မတော်ရဲ့သဘောထားအမှန်တွေကို သိရှိလာရခြင်းဖြစ်တဲ့အတွက် အခုလိုမျိုး အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အလင်းမဝင်ခင်မှာ ထိတ်လန့်မှုတွေရှိတာပေါ့ ။ ကျွန်တော်တို့အလင်းဝင်တဲ့အခါမှာ ဖမ်းဆီးမလား၊ ထောင်ချမလား၊ တစ်ခုခုပြစ်မှု ဆိုင်ရာကျူးလွန်ထားတဲ့အတွက် အပြစ်ပေးအရေးယူမလားပေါ့။ ဒါပေမယ့် တကယ်တမ်း ရောက်လာတဲ့အခါကျတော့ တပ်မတော်ရဲ့နွေးထွေးစွာကြိုဆိုမှု၊ ကျွန်တော်တို့ချိတ်ဆက်တဲ့ အခါမှာလည်း အကောင်းမွန်ဆုံးနဲ့အနွေးထွေးဆုံး ကြိုဆိုပေးတဲ့ အတွက် ကျေးဇူးလည်းတင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့အနေနဲ့ကတော့ အကောင်း မွန်ဆုံးနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံးဖော်ဆောင်ဖို့အတွက် အခုလိုမျိုး အလင်းဝင်ရောက်ခြင်းဖြစ်ပါတယ်။ တပ်မတော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်ပြီးတော့ ပြောချင်တာကတော့ တော်လှန်ရေးကာလမှာ အကောင်း အဆိုးတွေကို အားလုံးသိနေတဲ့ ရဲဘော်ဝင်တွေဖြစ်တယ်။ အဲဒီတော့ အခုလက်ရှိမှာ မြန်မာ့ တပ်မတော်ကလည်းနွေးထွေးစွာနဲ့ ကြိုဆိုနေတာလည်းဖြစ်တယ်။ အဲဒီတော့ စဉ်းစား ဆုံးဖြတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော့်အနေနဲ့လည်း တိုက်တွန်းလို ပါတယ်။ အခုကျွန်တော်ရောက်ရှိလာတဲ့အခါမှာလည်း ကျွန်တော့်အပေါ်အားလုံး နွေးနွေး ထွေးထွေးနဲ့ ကြိုဆိုပြီးတော့ ပြည်သူလူထုအတွက် အကောင်းဆုံးတွေ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့်အရာတွေကိုလည်း ကျွန်တော့်ကို သေချာနားလည်သဘောပေါက်အောင် ရှင်းပြတဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ဖိတ်ခေါ်ပါတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းဆောင်ရွက်ဖို့လည်း ချိတ်ဆက်နေတာတော့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အလင်းဝင်လာမယ့်ရဲဘော်ရဲဘက်တွေအားလုံးကိုလည်း နီးစပ်ရာ တပ်စခန်းတွေနဲ့ အမြန်ဆုံး ချိတ်ဆက်ပြီးတော့ ကျွန်တော့်လိုမျိုးဝင်ရောက်လာဖို့အတွက် တိုက်တွန်းပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင် ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)