မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစ်စင်းအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များက ယုတ်မာရိုင်းစိုင်းစွာဖြင့် FPV suicide drone များဖြင့်ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစ်စင်းအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များက ယုတ်မာရိုင်းစိုင်းစွာဖြင့် FPV suicide drone များဖြင့်ပစ်ခတ်တိုက်ခိုက်



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ဆင်ခြင်တုံတရား ကင်းမဲ့ စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ် ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာ ရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေဆိပ်အား FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခြင်း များ ဆောင်ရွက်ခဲ့သည်။

ATR-72-600 ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင်လည်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် စစ်ရေးနှင့် မသက်ဆိုင်သော အများပြည်သူ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူ ပြုလျက်ရှိသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) မှ အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းသည် မြစ်ကြီးနားလေဆိပ်၌ မန္တလေးမြို့ သို့ ထွက်ခွာရန်အတွက် ခရီးသည်များ တင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင် နေစဉ် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV Suicide Drone များ အသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ် ရာသို့ လိုအပ်သည်များ အမြန်ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ခရီးသွားပြည်သူများနှင့် လေယာဉ်အမှု ထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော အရပ်ဘက် လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ်ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူများကပါ စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက် ရှုံ့ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထိရောက်ပြင်းထန်သည့် တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)