KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူများက ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ယနေ့ညနေပိုင်းတွင် ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်း ကျန်းသူများက တပ်မတော်စစ်ကြောင်းများ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)အား ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆင်ခြေတုံတရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ဖားဆောင်း မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်းပေါ်ရှိ အများပြည်သူအားထား အသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ပွန်ချောင်းတံတားအား ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ အရှေ့ ဘက် ချဉ်းကပ်လမ်း နှင့် ကပ်လျက် တံတားတိုင်အမှတ်၊ K-2 မှ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဆင်ခြင်တုံတရားမဲ့စွာဖြင့် ယခုကဲ့သို့ အများပြည်သူအဓိကသွားလာရာနှင့် ကုန်စည်များ စီးဆင်းရာတွင် အဓိကအားထား အသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်း၊ တံတားများအား တစ်ခုပြီးတစ်ခု မိုင်းထောင်ဖောက်ခွဲဖျက်ဆီးနေသည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများကို ကယား ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကပါ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)