CRPH, NUG, PDF တို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှု ကျရှုံးခန်းကို ရောက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

CRPH, NUG, PDF တို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှု ကျရှုံးခန်းကို ရောက်ပြီ



ဒီရက်ပိုင်းအတွင်း အကြမ်းဖက်နှိမ်နင်းရေး သတင်းတွေ မတင်ဆက်ဖြစ်ပေမယ့် အကြမ်းဖက်နှိမ်နင်းရေး အားကောင်းနေတဲ့ အခြေအနေကိုတော့ ရိပ်စားမိပါတယ်။ တချို့နေရာတွေမှာ အကြမ်းဖက်သမားများကို မရှင်းလင်းနိုင်သေးသည့်တိုင်အောင် ရှင်းလင်းဆောင်ရွက်နေတဲ့ ဒေသတွေမှာတော့ တိကျ ထိရောက်မှု ရှိနေတာကို တွေ့မြင်ရပါတယ်။ မြန်မာပြည်မှာ အကြမ်းဖက်လှုပ်ရှားမှု သက်ဆိုးရှည်နေရခြင်းက ရေခံမြေခံကလည်း သူပုန်ထလို့ကောင်း၊ တောခိုလို့ကောင်းတဲ့ ရေမြေသဘာဝမျိုး ရှိပါတယ်။ တဖက်မှာလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်သကဲ့သို့ တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်နေကြသူတွေ ရှိသလို ကိုယ်ကျိုးစီးပွားကို ရှေးရှုတဲ့ ပြဿနာတချို့ ရှိနေတာလည်း ငြင်းဆန်လို့တော့ မရပါဘူး။

နိုင်ငံတော်အကြီးအကဲများက နေရာဒေသအလိုက် တာဝန်ပေးသင့်သူကို ပေးတယ်ဆိုတာက အမွေပေးတာမျိုးတော့ မဟုတ်ပါဘူး။ တာဝန်ပေးတာကို အမွေပေးတယ်လို့ ထင်ပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချ လုပ်ပိုင်ခွင့်ရတုန်းအခိုက်အတန့်မှာ ရှာထားမှဆိုတဲ့ အတွေးဆိုးနဲ့ မလုပ်သင့်တာတွေ လုပ်မိတဲ့အတွက်ကြောင့်လည်း ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ရတာမျိုး ရှိပါတယ်။ 

၂၀၂၆ခုနှစ် ဖေဖော်ဝါရီ၊ ဒုတိယအပတ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးသတင်းတွေကို တွေ့မြင်ရတာက -

ဖာပွန်ဒေသဘက်မှာတော့ အကြမ်းဖက် KNU/ PDF အဖွဲ့တွေကို ထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိရာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားရုံမှတစ်ပါး တပ်မတော်သားများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် KNU/PDF ၅ လောင်း၊ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

ဘီးလင်းမြို့နယ်၊ ညောင်ထောက်ဒေသဘက်မှာ နယ်မြေရှင်းစဉ် ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက် KNU/PDF ၃ လောင်း၊ AK သေနတ် ၁ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက် တိုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အနန်းကွင်းဒေသဘက်မှာလည်း အကြမ်းဖက် KNU ၁ လောင်း၊ M-4 သေနတ် ၁ လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

လေးကေ့ကော်ဒေသရှိ ဘုရားညီနောင်ကုန်းအနီး နယ်မြေရှင်းလင်းစဉ် ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက် KNU/PDF ၄ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ်/ ကျည်ဆန်များ၊ လက်ပစ်ဗုံး/မိုင်းများ၊ ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ပါတယ်။

သိမ်ဇရပ်မြို့နယ်၊ မုက္ခမော့ဒေသအတွင်း နယ်မြေရှင်းလင်းရာမှာလည်း အကြမ်းဖက် KNU/PDF ၅ လောင်း၊ လက်နက်မျိုးစုံ ၈ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သလို မော့ကနင်ဒေသဘက်မှာလည်း ရန်သူ့အလောင်း ၁ လောင်း၊ M-4 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

ကောလင်းမြိုနယ်၊ ကျောက်တန်းဒေသနှင့် ကိုးတောင်ဘိုဒေသဘက်မှာလည်း အကြမ်းဖက် PDF ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

မြင်းမြူမြို့နယ်၊ ထီးဆောင်ရွာဘက်မှာ ပြည်သူက သတင်းပေးလို့ လက်နက်မျိုးစုံ ၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး သပိတ်ကျင်း၊ ရှားတောနှင့် ဒေါင်းပုန်ဘက်မှာ လက်နက်မျိုးစုံ ၄ လက် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။

(ချောင်းဦးမြို့နယ်၊ ဂွေးပင်တောဒေသ) (ရေစကြိုမြို့နယ်၊ ကျောက်ခတ်ဒေသ) (ပွင့်ဖြူမြိုနယ်၊ မုံးဇလဲဒေသ)နှင့် (မိုးကုတ်မြို့နယ်၊ ကုန်းစံဒေသ) မှာတော့ ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၉ လက်တို့အား သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း တပ်မတော်အနေနဲ့ လက်သံပြောင်မြောက်စွာ တုံ့ပြန်ရှင်းလင်းတာကို မြင်တွေ့ရပြီး မြေပြင်တပ်မှူး/ စစ်သည်တွေရဲ့ ရဲဝံ့စွန့်စားမှုကို လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းမပေးဘူးဆိုရင် ဒေသခံပြည်သူများဟာ အကြမ်းဖက်သမားများရဲ့ အနိုင်ကျင့်စော်ကားခြင်း၊ ဒေသခံပြည်သူများထံမှ လုယက် ဓားမြတိုက် ဂုပ်သွေးစုပ်ခြင်းတို့ကို အစဉ်သဖြင့် ခေါင်းငုံ့ခံနေကြရမှာ ဖြစ်ပါတယ်။

တပ်မတော်သတင်းရင်းမြစ်တွေက အကြမ်းဖက်နှိမ်နင်းရေး သတင်းတွေ ဖော်ပြနေသလို အကြမ်းဖက်သမားများ သေဆုံးနေမှုအခြေအနေကို အကြမ်းဖက်အဖွဲ့များဘက်က သတင်းထုတ်ပြန်နေတာမျိုးတွေကိုလည်း တွေ့မြင်ကြရမှာပါ။ တပ်မတော်ဘက်က အကြမ်းဖက်နှိမ်နင်းရေး ဖိဖိစီးစီး လုပ်လာပြီဆိုရင် ပြည်ဖျက်မီဒီယာတွေမှာက တိုက်ပွဲမရှိဘဲ လေကြောင်းက ကြဲပါတယ်တို့၊ အဆိပ်ငွေ့ဗုံး သုံးနေပါတယ်တို့ ဗရမ်းဗတာတွေ စီကာပတ်ကုံး လုပ်ကြံဖန်တီးရေးသားကြပါလိမ့်မယ်။

 ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆိုရင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် မြို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ဒေသခံပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေး နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များသည် ဗန်းမောက်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ် အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အကြမ်းဖက်သမားများအနေဖြင့် ဗန်းမောက်မြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ်ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းများကြောင့် ဒေသခံ ပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ယာယီတိုက်ပွဲရှောင်စခန်းများသို့ ၎င်းတို့၏ တိုက်တာ အိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များသည် ဗန်းမောက်ဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ်ကာလအတွင်း အဆိုပါ ဒေသရှိ မြေပေါ်၊ မြေအောက်ရှိ သယံဇာတပစ္စည်းများကို အလွန်အကျွံ ထုတ်ယူ အသုံးပြုခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း တွေ့ရှိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေး စစ်ကြောင်းများခွဲ၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ပင်ဟင်းခါးရွာ၊ ရွှေကျောင်းရွာ၊ ခိုပြင်ရွာ၊ နောင်သာယာရွာ၊ တာဝါတိုင်ကုန်း၊ ခမိုးရွာနှင့် ဖြူးတောင် တစ်ဝိုက်တို့အားလည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စစ်ဗျူဟာအရေးကြီးနေရာများအားလည်းကောင်း ဦးစွာထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင် ရွက်ခဲ့ပြီး ဗန်းမောက်မြို့အား အလုံစုံပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမောက်မြို့အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၊ ဟိုတယ်များနှင့် အထပ်မြင့်အဆောက်အအုံများတွင် သဲအိတ်ဘန်ကာများ အခိုင်အမာဆောက်လုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေးအတွက် ထုတ်ပြန်ထားသည့် ထိတွေ့တိုက် ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE)နှင့်အညီ ထိန်းထိန်း သိမ်းသိမ်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရသည့်အတွက် စစ်ဆင်ရေးကာလ ၄ လကျော်ကြာ မြင့်ခဲ့ရပြီး ဖေဖော်ဝါရီ ၈ရက် ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး ထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက် မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမားရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗန်းမောက်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း၊ ဆေးရုံအဆောက်အအုံများ၏ ပျက်စီးမှုများအား ပြန်လည် ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများစသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို သတင်းကောင်းတွေ ကြားရရင် ပြည်သူတွေလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်မှလည်း ပြည်သူများအနေနဲ့ အေးချမ်းစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဗန်းမောက်မတိုင်ခင် မတ္တရာ၊ စဉ်းကူး၊ သပိတ်ကျင်း အစရှိသည့် မြို့နယ်များမှာ အကြမ်းဖက်သမား အခြေပြုလှုပ်ရှားနေမှုကို တပ်မတော်သားများက ရှင်းလင်းဖယ်ရှားပြီး ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ KI, PDF အကြမ်းဖက်သမားများကတော့ အကြမ်းဖက်သမားများ ပီသတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ တိုက်တာအိုးအိမ်တွေမှာ အခြေပြုတပ်စွဲနေတာတွေလည်း ရှိသလို၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးများကို အကြမ်းဖက်စခန်းသဖွယ် အသုံးပြုသွားတာတွေလည်း ရှိပါတယ်။ တပ်မတော်ရဲ့ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိလို့ ပြေးတော့မယ် ဆိုတဲ့ အချိန်မှာ အကြမ်းဖက်သမားများဟာ ဒေသခံပြည်သူတွေရဲ့ တိုက်တာအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာမျိုးတွေ စာရေးသူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတွေ ရှိပါတယ်။

အခုလို မြေပြင်မှာ အကြမ်းဖက်အဖွဲ့တွေ မရှုမလှ သေဆုံးနေရလည်း လေလှိုင်းပေါ်က သူရဲကောင်းကြီးများဖြစ်တဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လိမ်ညာဝါဒဖြန့်မှုတွေက လျော့ကျသွားတယ်လို့ မရှိပါဘူး။ နီပိန်းပဒက်တွေ အသေဆိုးနဲ့ သေနေရလည်း လေလှိုင်းပေါ်မှာတော့ သူတို့နိုင်နေသယောင် ဝါဒဖြန့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ဝါဒဖြန့်မှုတွေနဲ့ ပတ်သက်လို့လည်း အလျဉ်းသင့်သလို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေဆိုတာ နီပိန်း ပဒက်တွေ အသေဆိုးနဲ့ သေချင်သလောက်သေ လူငယ်လူရွယ်တွေ ဒီအထဲ ထပ်ဝင်လာအောင် မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်မယ်။ ပဒက်ထဲကို စွဲသွင်းလို့ရမျှ စွဲသွင်းပြီး အသေခံ အကြမ်းဖက်သမားအဖြစ် အသုံးချမယ်။ သူတို့က ကျည်ထိဖို့ မပြောနဲ့ ယမ်းငွေ့တောင် အသမ်းမခံပါဘူး။ သူတို့မိသားစုဝင်တွေကို တပါတည်း အပါခေါ်ပြီး ထွက်ပြေးကြတဲ့ ပြည်ဖျက်မိစ္ဆာတွေပါ။

အသိတရားရပြီး ဥပဒေဘောင်အတွင်း ဝင်တဲ့သူတွေ ဝင်နေကြပြီ။ PDF အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ ညီငယ်/ ညီမငယ်တွေလည်း ပြည်ပြေး ဝရမ်းပြေးတွေရဲ့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုတွေကို နားမယောင်ကြပါနဲ့တော့။ မြေပြင်မှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်ပြေးတွေ နားမလည်နိုင်ဘူး။ ကိုယ့်ဒုက္ခ ကိုယ်သာသိ ဆိုသလို PDF အကြမ်းဖက်အဖွဲ့ထဲမှာက ကြီးနိုင်ငယ်ညှဉ်း၊ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်စော်ကားမှုတွေနဲ့ တိရစ္ဆာန်ဝါဒကို ထူထောင်နေကြတာဖြစ်တဲ့အတွက် အမြန်ဆုံး ဥပဒေဘောင်အတွင်း ဝင်ကြပါလို့ ထပ်ဆင့် တိုက်တွန်းရုံမျှတပါး အခြားမရှိပါဘူး။

အထက်မှာ ဖော်ပြခဲ့သလို အကြမ်းဖက်နှိမ်နင်းရေး အားကောင်းနေတဲ့ ဒေသတွေ ရှိသလို တချို့သော ဒေသတွေမှာလည်း ယနေ့တိုင်အောင် ပြည်ဖျက်မိစ္ဆာ ပဒက်များ လွတ်မြောက်နယ်မြေသဖွယ် ထင်တိုင်းကျဲနေတာမျိုးတွေလည်း ရှိနေဆဲပါပဲ။ ဒါတွေကိုလည်း တာဝန်ရှိသူများအနေနဲ့က နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှာကြားချက်ကို အလေးထားပြီး မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ဒေသမှာ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး၊ လက်နက်မဲ့ ပြည်သူများကို အနိုင်ကျင့် စော်ကားမှုတွေ မဖြစ်ပေါ်ရလေအောင် အလေးထားပြီး နှိမ်နင်းဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)