မြန်မာပြည်အခြေအနေဟာ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ နိုင်ငံရေးအကြမ်းဖက်မှု အောက်ကို ရောက်ရှိနေတယ်လို့ပဲ ဒဲ့ပြောပါစို့။ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ပြီးနောက် သူတို့ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးနေတဲ့ အနောက်အုပ်စုရဲ့ အထောက်အပံ့၊ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အိုအိုင်စီအဖွဲ့ရဲ့ အထောက်အပံ့နဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့များ နှင့် BBC, DVB, Mizzima, The Irrawady, Myanmar Now, Khit Thit အစရှိသော ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှု၊ KIA, KNU လက်နက်ကိုင် သောင်းကျန်းသူများရဲ့ အကြမ်းဖက်သင်တန်းပေးမှုတွေကြောင့် နီပိန်း လူငယ်တွေဟာ PDF အကြမ်းဖက်သမားများ ဖြစ်လာကြပြီး ၅နှစ်ကျော်ကြာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပါတယ်။
တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တယ်။ ပြည်ပြေး ဝရမ်းပြေးတွေက အာဏာလုယူပါတယ်လို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး လှုံ့ဆော်တယ်။ တပ်မတော်က ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက သူတို့ကိုယ်သူတို့ တရားဝင် အစိုးရလိုလို ပြည်ပကနေ အစိုးရယန္တရားပျက်ပြားစေဖို့ နည်းမျိုးစုံနဲ့ လှုံ့ဆော်တယ်။ နိုင်ငံဝန်ထမ်းများအပါအဝင် နယ်ပယ်စုံမှာက ငပိန်းများ ရှိနေကြတာ ဖြစ်တဲ့အတွက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေဟာ အတိုင်းထက်အလွန် သက်ရောက်မှု အားကြီးတယ်။ ထိရောက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လုပ်ကြံဖန်တီးပြီး အမုန်းတရားဖြန့်ဝေရာမှာ သူမတူအောင် စွမ်းအောင်နိုင်ကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ နှစ်အထိ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အမုန်းတရားဖြန့်ဝေမှုတွေကြောင့် မိုက်လုံးထွားလာတဲ့ နီပိန်း PDF လူငယ်များမှာ ကိုယ့်ဆရာမကို ပြန်သတ်၊ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို သတ်၊ ကိုယ့်တစ်ရွာတည်းနေ တစ်ရေတည်းသောက် ရပ်ဆွေရပ်မျိုးတွေကို ရန်ရှာပြီး သတ်သည်အထိ အရိုင်းစိတ်တွေ ဝင်လာခဲ့ကြပါတယ်။
အကြမ်းဖက်လမ်းစဉ်ပေါ်ရောက်လာတဲ့ နီပိန်းတွေက မိုက်ရိုင်းထွားကြိုင်းလာတယ်။ အကြမ်းဖက်ဘေးအန္တရာယ် တားဆီးကာကွယ်ရန် တာဝန်ရှိသူတွေအပိုင်းမှာက အဂတိ၊ လာဘ်ပေးလာဘ်ယူတွေနဲ့ ပြည်သူလူထုဟာ အကြမ်းဖက်သမားများနဲ့ ဝိသမလောဘသားများကြားမှာ အတိဒုက္ခရောက်မျိုးစုံ ရောက်ခဲ့ရပါတယ်။ အဆိုးဆုံးအခြေအနေကတော့ အကြမ်းဖက်နှိမ်နင်းရေး တာဝန်ရှိသူတွေက သတင်းပေးတဲ့ပြည်သူကို အကြမ်းဖက်သမားနဲ့ လက်တို့ပြီး သတ်ခိုင်းသည်အထိ ယုတ်မာရိုင်းစိုင်းမှုတွေကိုလည်း ပြည်သူများ ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် ဒီအခင်းအကျင်းဟာ မြန်မာသမိုင်းမှာ ရုပ်ဆိုးအကျည်းတန်လွန်းလှတဲ့ အခင်းအကျင်းလို့ ဆိုရခြင်းဖြစ်ပါတယ်။
၂၀၂၄ အကုန် ၂၀၂၅ ခုနှစ်ထဲမှာတော့ အကြမ်းဖက်နှိမ်နင်းရေးဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ထိရောက်ပြတ်သားစွာ ဆောင်ရွက်တဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုကြောင့် အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှု ပုံရိပ်တွေ ဆက်တိုက်တွေ့မြင်လာရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဆိုရင် KIA, PDF အသုဘချပွဲ အခမ်းအနားတွေကို ဆက်တိုက်ဆိုသလို တွေ့မြင်လာရပါတယ်။
အကြမ်းဖက်နှိမ်နင်းရေးက ရှမ်းမြောက်မှာဆိုရင် နောင်ချို ကျောက်မဲ အောင်မြင်မှု၊ ကယားဘက်မှာဆိုရင် ဒီမောဆိုနယ်တဝိုက်ကို ရှင်းလင်းပြီး အခုဆိုရင် ဖားဆောင်းမှာ အခြေပြုနေတဲ့ KNDF, PDF တွေကိုပါ ရှင်းထုတ်နိုင်ခဲ့ပါပြီ။ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မှ ယခု မိုးကုတ်အထိ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါပြီ။
အခု KIA, PDF အသေအပျောက်များနေတာက ဗန်းမောက်၊ ဗန်းမော် မှာ နယ်မြေရှင်းလင်းရေး ပြင်းထန် ထိရောက်လာသည်နှင့်အမျှ မြို့သိမ်းတိုက်ပွဲလို့ အာချောင်နေတဲ့ KIA, PDF အသေအပျောက် များလာခြင်းပဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ဝမ်းမြောက်ပီတိဖြစ်ဖွယ်ရာ အခြေအနေတစ်ခုကတော့ PDF အဖွဲ့ဝင် အမြောက်အများ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတာပဲ ဖြစ်ပါတယ်။ PDF အဖွဲ့ထဲကို လွတ်မြောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ရတာကိုလည်း ရင်ဖွင့်ပြောဆိုလာကြပါတယ်။ နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးနေတဲ့အချိန်မှာ လူငယ်တွေ လမ်းမှန်ပေါ် ပြန်ရောက်သွားမှာကို စိုးရိတ်ကြောက်ရွံ့နေတဲ့ PDF ခေါင်းဆောင်တွေက ဥပဒေဘောင်အတွင်း မဝင်ဖို့ ခြောက်လှန့်ထားတဲ့ အခြေအနေမျိုးတွေကိုလည်း ပြန်ပြောင်း ပြောဆိုလာကြပါတယ်။ တိုက်ပွဲဝင်ခဲ့ရတဲ့ PDF အဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ ရင်ဆိုင်တိုက်ပွဲဖြစ်ရင် ဘာမှ မလုပ်တတ်တဲ့ လူငယ်တွေကို ရှေ့က တက်တိုက်ခိုင်းတယ်။ ခေါင်းဆောင်ဆိုတဲ့ ကောင်တွေက ဗုံးခိုကျင်း၊ ဗန်ကာထဲမှာ နေတယ်။
PDF ခေါင်းဆောင်တွေက ကျည်လွတ်မြေကို အရောက်ပြေးတဲ့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေထက် ပိုပြီး ရက်စက်တယ်လို့ ဆိုရမလား။ သူတို့က အနီးကပ် လူငယ်တွေကို သေကြောင်းကြံနေကြသူတွေ ဖြစ်လို့ပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေဆီက ရတဲ့ ထောက်ပံ့ကြေးကို သူတို့ ကိုယ်ကျိုးအတွက် အသုံးချမယ်။ လူငယ်တွေကိုတော့ သေပွဲဝင်ခိုင်းမယ်ဆိုတဲ့ သူယုတ်မာတွေရဲ့ သရုပ်မှန်ကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ PDF တွေရဲ့ ရင်ဖွင့်သံတွေက ထင်ဟပ်နေပါတယ်။
၁၆-၂-၂၀၂၆ ရက်နေ့က ပြည်ဖျက်မီဒီယာတွေမှာ ဖော်ပြနေတဲ့ သတင်းတစ်ပုဒ် က ဂျာမနီနိုင်ငံ၊ နိုင်ငံတကာလုံခြုံရေး ညီလာခံမှာ NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သူများ၏ စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုနှင့်စိန်ခေါ်မှုများ ကမ္ဘာသိစေရန် တင်ပြခဲ့" ဆိုပြီး ရေးသားဖြန့်ဝေနေကြတာကို သတိပြုမိပါတယ်။
ဂျာမနီနိုင်ငံ၊ မြူနစ်မြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို NUG အကြမ်းဖက်အဖွဲ့က ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သူများ၏ စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုနှင့်စိန်ခေါ်မှုများ နိုင်ငံတကာသိစေရန် တင်ပြခဲ့ကြောင်း ဇင်မာအောင်က ပြောဆိုသတဲ့ဗျာ။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ ကျင်းပခဲ့သော ဂျာမနီနိုင်ငံ Munich Security Conference ၏ ၆၂ ကြိမ်မြောက် ညီလာခံ မှာ NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင် က “ကျမတို့ရဲ့တာဝန်က ကျမတို့ တိုင်းပြည် ကျမတို့ တော်လှန်ရေး ကျမတို့ ပြည်သူတွေခံ စားနေရတဲ့ ခံစားမှုတွေ ကျမတို့ တော်လှန်ရေးအောင်မြင်မှု စိန်ခေါ်မှုတွေကို နိုင်ငံတကာက သိအောင် ပြောရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရောက်ခြင်းအားဖြင့် အခွင့်ရေးတွေ ဒီတာဝန်တွေကို ကျမ အကောင်းမွန်ဆုံး ထမ်းဆောင်နေပါတယ်။ တွေဆုံသင့် တွေ့ဆုံထိုက်တဲ့ တွေ့ဆုံခွင့်လည်းရတဲ့ နိုင်ငံခေါင်းဆောင်များ ဒါမှမဟုတ်ရင်လည်း သူတို့နဲ့ ပါလာတဲ့ သူတို့အဖွဲ့တွေ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ ကျမတို့တွေ့ဆုံပြီးတော့ မြန်မာ့အရေးကို ကျမတို့ ပရိုမိုးရှင်းလုပ်နိုင်တယ်။ နောက်ပြီးတော့ ကျမတို့ မြန်မာပြည်သူလူထု ပြောချင်နေတဲ့ စကား ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ ပြောချင်နေတဲ့ တူညီတဲ့ အသံတွေ ၊ ကြေညာချက်တွေ ဒီဟာတွေကို ကျမတို့က ပိုပြီးတော့ ပရိုမိုးရှင်းလုပ်နိုင်တယ်ပေ့ါ။ ကမ္ဘာသိအောင် ပြောနိုင်တဲ့အတွက်ကြောင့်မို့ လို့ ကျမတို့ မြန်မာပြည်သူလူထုကို စကားပါးချင်တာက ကျမတို့ တာဝန်ဝတ္တရားဆိုတာထပ် ပိုတဲ့ တိုင်းပြည်အမြန်ဆုံး စစ်ဖိနပ်အောက်ကနေပြီးတော့ စစ်အာဏာရှင်စနစ် အောက်ကနေပြီးတော့ လွတ်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစား ဆောင် ရွက်နေပါတယ် ဆိုတဲ့ သတင်းစကား ပေးချင်ပါတယ်။” လို့ ပြည်ဖျက်မီဒီယာတွေကို ပြောဆိုထားပါတယ်။
ဆိုတော့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို NUG လို အကြမ်းဖက်အဖွဲ့က တက်ခွင့်ရတယ်ဆိုတာ ယုံတမ်းစကားလို ဖြစ်နေပါတယ်။ ညီလာခံရဲ့ ဘေးဘက် ဘောင်မဝင်တဲ့ နေရာမှာ သွားနေပြီး ပြောချင်ရာတွေ ပြန်ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း သူတို့ လုပ်နေကျ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ တကယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံမှာ က နိုင်ငံတကာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့ အဖြေရှာကြရမှာ မဟုတ်ပါလား။ မြန်မာပြည်တွင်းမှာဆိုရင် CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့များနဲ့အတူ KIA, KNU, AA, TNLA, MNDAA အစရှိသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသေူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုတွေလည်း များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင် အနေနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံ လို နေရာမျိုးမှာ သွားပြီး စကားပြောခွင့် ရခဲ့တယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ လက်ပါးစေ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ရဟန်းရှင်လူ ပြည်သူ ၉၀၀၀ ကျော်၊ လမ်းတံတားနဲ့ အဆောက်အအုံတွေ ကို မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပမာဏကိုပါ ပြောသင့်တာပေါ့။ နောက်တစ်ချက်က PDF တွေ သေဆုံးနေရတဲ့ အခြေအနေကိုလည်း မခြွင်းမချန် ဆွေးနွေးတင်ပြသင့်ပါတယ်။ ကျွန်တော်မတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အဆိုးဆုံးအခြေအနေအထိ လုပ်ဆောင်ခဲ့ရာမှာ ကျွန်မတို့ CRPH, NUG ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေ သေဆုံးနေရတာလည်း မြင်မကောင်းအောင်ပါပဲ ဆိုတဲ့အချက်လေးကိုလည်း ဆွေးနွေးခဲ့သင့်ပါတယ်။
အချုပ်အားဖြင့် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ အမုန်းတရားဖြန့်ဝေမှုတွေကို နားယောင်ပြီး လူငယ်များစွာ အကြမ်းဖက်သမားများ ဖြစ်ခဲ့ကြရတယ်။ အဲဒီအကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ခဲ့ကြတယ်။ တပ်မတော်အနေနဲ့က ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရတယ်။ အကြမ်းဖက်သမားများစွာလည်း သေပွဲဝင်ခဲ့ရတယ်။ ပြည်လည်သုံးသပ်ကြည့်ရင် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များနဲ့ ပြည်ဖျက်မီဒီယာတွေဟာ မြန်မာပြည်တွင်းမှာ လူမျိုးတုန်းအောင် နည်မျိုးစုံနဲ့ ကြံစည်လုပ်ဆောင်နေတာပဲ မဟုတ်ပါလား။
.
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment