ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Digital For Youth-2026 Project ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Digital For Youth-2026 Project ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

 



ပုသိမ် ၊  ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Digital For Youth-2026 Project ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်ပြီး နည်းပညာသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိက လုပ်ဆောင်နေသော တိုင်းဒေသကြီးဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် Project များလည်း လုပ်ဆောင်လာသည်ကို တွေ့ရပါကြောင်း၊ ရရှိလာသည့် Projectများကို လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးပြုနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များတွေ့ရှိပါက ဆက်လက်ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပပေးခြင်း အားဖြင့် လက်တွေ့လုပ်ငန်းခွင်များတွင် ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်၍ Project ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ CampusPulse Intelligent Campus Management System For Smart Academic Automationခေါင်းစဉ်နှင့် Real-Time Biometric Security Attendence System ခေါင်းစဉ်ဖြင့် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ Real-Time Car License Plate Recognition System ခေါင်းစဉ်နှင့် Raspberry Pi based Network Intrusion Detection System ခေါင်းစဉ်များဖြင့် ဒုတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ Library Management System ခေါင်းစဉ်နှင့် Aeroguard IOT System ခေါင်းစဉ်များဖြင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)ဒုတိယပါမောက္ခချုပ်ကလည်းကောင်း၊ အထူးဆုနှင့် People's Choice Award  အများဆုံးဆု ရရှိသော  ကျောင်းသား၊ ကျောင်းသူအဖွဲ့များအား တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူ များ၏ Project ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာ တောင်သူဦးဝင်းဘို၏ စိုက်ဧက (၂) တွင်စိုက်ပျိုးထားသည့်  MAKHAON KLP(ရုရှား) မျိုးနေကြာစိုက်ခင်းနှင့် တောင်သူဦးကျော်အောင်၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် VULKAN OR (ရုရှား)မျိုး နေကြာစိုက်ခင်းတို့အား ကြည့်ရှုအားပေးပြီး ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့်ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းကို အချိန်ကိုက် ဆောင်ရွက်ပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့ မှာကြားခဲ့သည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)