ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပထဝီဝင်ဘာသာရပ်နှင့် Grade-5 သိပ္ပံဘာသာရပ် နှစ်ဆုံးစာမေးပွဲဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပထဝီဝင်ဘာသာရပ်နှင့် Grade-5 သိပ္ပံဘာသာရပ် နှစ်ဆုံးစာမေးပွဲဖြေဆို

Uploading: 1486848 of 2289255 bytes uploaded.



ဒိုက်ဦး  ၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  Grade-9 သမိုင်းဘာသာရပ်နှင့် Grade-5 လူမှုရေးဘာသာရပ်ကို ယနေ့နံနက် ၉နာရီက ဆက်လက်ဖြေဆိုသည်။

အဆိုပါစာမေးပွဲကျင်းပရာတွင်‌ ဒိုက်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade-9 သမိုင်းဘာသာရပ်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၄၄)ဦး Grade–5 လူမှုရေးဘာသာရပ်စာမေးပွဲအား အခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့်ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade-5 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇၅၈)ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးမင်းကျော်ဉာဏ်ခိုင်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)