ဖြူး ၊ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ နွေစပါး(၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထားပြီး Drum Seeder စိုက်နည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးဆည်/ကန်ရေ၊ ချောင်းပိတ်ရေ၊ အင်းအိုင်ရေများဖြင့်ရယူပြီး စိုက်နည်းစနစ်များအနေဖြင့် Drum Seeder စိုက်နည်းဖြင့် (၈၇၃၄)ဧက၊ ပျိုးထောင်စိုက်နည်းဖြင့် (၇၁၆၈)ဧက၊ လက်ဆွဲကောက်စိုက်စက်စိုက်နည်းဖြင့် (၁၁၃၀)ဧက၊ ဘောင်ပျိုးစိုက်နည်းဖြင့် (၃၅၇)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်ဒေသအတွင်း နွေစပါးအနေဖြင့် အဓိကစိုက်ပျိုးသော စပါးမျိုးကွဲများမှာ ဆင်းသုခမျိုး၊ ရက်(၉၀)မျိုး၊ နှံကောက်မျိုး၊ ရတနာတိုးမျိုး၊ ဗီယက်နမ်မျိုး၊ ရေဆင်းပေါ်ဆန်း၂၊ အောင်နိုင်တိုးမျိုးများဖြစ်ပြီး လက်ရှိအခြေအနေအရ (၉၃၄၇)ဧကခန့် စိုက်ပျိုးပြီးစီးထားကြောင်း သိရသည်။
နေမျိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment