သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

 




သဲကုန်း  ၊  ဖေဖော်ဝါရီ ၂၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကျင်းပမည့်စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်မင်းထိုက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ အ.ထ.က(သဲကုန်း)၊ အ.ထ.က(ပုတီးကုန်း)၊ အ.ထ.က(အင်းမ)၊ အ.ထ.က(ဆင်မြီးဆွဲ) စာစစ်ဌာနများသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း  မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ စာမေးပွဲအခန်းတွင်းသန့်ရှင်းမှုရှိစေရေး၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ကျောင်းတွင်း/ ကျောင်းပြင်၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များအား  ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများ စနစ်တကျသိုလှောင်ထားရှိမှုအခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများ စနစ်တကျသိုလှောင်ထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးများကောင်း/ မကောင်း၊သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ ရေ​လှောင်ကန်များ၌ ရေများဖြည့်တင်းခြင်းရှိ /မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။


ကိုကျော် (သဲကုန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)