အကြမ်းဖက်လှုံ့ဆော်မှုများကြောင့် အမှုဖွင့်တရားစွဲဆိုခံရပြီးနောက် တရားမဝင်လမ်းကြောင်းမှ အမေရိကန်သို့ ထွက်ပြေးရောက်ရှိသွားသည့် ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လို (ခ) အိမ့်ပိုးဥ အား Green Card ရရှိဖို့ အတုလက်ထပ်မှု ပြုလုပ်ခဲ့ကြောင်း ဥက္ကာမင်းမောင် က USCIS ကို တိုင်ကြားထားကြောင်း သိရသည်။
ပန်ဆယ်လိုနှင့် အမေရိကန်နိုင်ငံသား အတုအပ လက်ထက်သည့် ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ပန်ဆယ်လို၏ လုပ်ရပ်ကို ဥက္ကာမင်းမောင် က ထောက်ပြပြောဆိုခဲ့ပြီး Green Card ရရှိရန် တရားဝင် လင်ယောက်ျား ရှိလျက်နှင့် အတုအပလက်ထပ်မှု ပြုလုပ်ခဲ့သည့် အခြေအနေကို ထုတ်ဖော် ပြောဆိုခဲ့သည်။
ပန်ဆယ်လို သည် သူ၏ ခင်ပွန်းနှင့် သမီးလေးတစ်ယောက် ရရှိထားသူဖြစ်သည်။ ပြည်ပသို့ ထွက်ပြေးရာတွင် မိသားစုများကိုပါ ခေါ်ဆောင်သွားခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ရန်ဟူသော ခေါင်းစဉ်ဖြင့် ရရှိသော အလှူငွေများကို အလွဲသုံးစားလုပ်၍ အမေရိကန်တွင် စတိုးဆိုင်ဖွင့်ခြင်း၊ အိမ်ဝယ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံသူများကပင် ဝေဖန်ပြစ်တင် ပြောဆိုခြင်းခံခဲ့ရသည်။
ဥက္ကာမင်းမောင် သည် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများသေဆုံးနေရသည်ကို သိရှိလာပြီးနောက် တော်လှန်ရေးဟု အကြောင်းပြ၍ ရရှိသော အလှူငွေများကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား လုပ်နေကြသူများ၏ သရုပ်မှန်ကို ဖော်ထုတ်ရာမှ ပန်ဆယ်လို သည် အမေရိကန်နိုင်ငံတွင် ခိုလှုံနေပြီး တရားမဝင် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍လည်း ဖော်ထုတ်တင်ပြနေသူ ဖြစ်သည်။
#News #MNP


No comments:
Post a Comment