မိုးကောင်းမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် Face to face နှင့် Zoom Link ဖြင့်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် Face to face နှင့် Zoom Link ဖြင့်သင်ကြား




မိုးကောင်း   ၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မာရေးအတွက် Face to face နှင့် Zoom Link ဖြင့် သင်ကြားခြင်းကို ဖေဖော်ဝါရီ (၁၈)ရက် နံနက်(၉)နာရီတွင် ပြုလုပ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade-12 အောင်ချက်မြှင့်မားရေးဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးတွင် ပထမရရှိရေးနှင့် ဂုဏ်ထူးအများဆုံးရရှိနိုင်ရေးဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါအောင်ချက်မြှင့်မားရေး Face to face နှင့် Zoom Link သင်ကြားရာတွင် ဖေဖော်ဝါရီ(၁၈) ရက်မှ (၂၀)ရက်အတွင်း နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီခွဲအထိ တစ်ဘာသာသင်ကြား ချိန်(၁)နာရီခွဲနှုန်းဖြင့် တက္ကသိုလ်ပါမောက္ခများက ဘာသာရပ်အလိုက် အသီးသီးသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)