ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5နှင့် အလယ်တန်းဆင့် Grade-9 ကျောင်းသား၊ကျောင်းသူများ၏ ပြီးမြောက်မှုနှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5နှင့် အလယ်တန်းဆင့် Grade-9 ကျောင်းသား၊ကျောင်းသူများ၏ ပြီးမြောက်မှုနှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိ

 

ဂန့်ဂေါ  ၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့် Grade-5နှင့် အလယ်တန်းဆင့် Grade-9 အတန်းများ၏ ပြီးမြောက်မှုနှစ်ဆုံးစာမေးပွဲကို ယမန်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။        

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့် Grade-5နှင့် အလယ်တန်းဆင့် Grade-9 အတန်းများ၏ ပြီးမြောက်မှုနှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဂန့်ဂေါမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများရှိ စာဖြေဌာန(၁၈)ခုတွင် Grade-5 ကျောင်းသား၊ကျောင်းသူစာရင်းရှိ(၅၉၃)ဦး၊ ဖြေဆိုသူ(၅၉၀)ဦး၊ ပျက်ကွက်(၃)ဦးနှင့် Grade-9 ကျောင်းသား၊ကျောင်းသူ စာရင်းရှိ(၂၇၂)ဦး၊ ဖြေဆိုသူ(၂၆၅)ဦး၊ ပျက်ကွက်(၇)ဦးရှိကာ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 အတန်းများ၏ ပြီးမြောက်မှု နှစ်ဆုံးစာမေးပွဲဖြေဆိုမှုအခြေအနေများကို ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူများ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုကာလိုအပ်သည်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မျိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)