နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် (၁၅၀)ဦးက လက်နက် (၁၈)လက်အပြင် ခဲယမ်းတွေနဲ့ အတူ ယနေ့ ဖေဖော်ဝါရီလ (၁၃)ရက် နံနက်ပိုင်းက ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
PDF အဖွဲ့ဝင်တွေကို ပြန်လည်ကြိုဆိုလက်ခံပြီး မိဘတွေထံ ပြန်လည်အပ်နှံပွဲ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၃)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၇)ဦး၊ ၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁၂)ဦး၊ နွားထိုးကြီး မြို့နယ်မှ အမျိုးသား (၅)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၃)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၄)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား(၃၈)ဦး၊ အမျိုးသမီး(၃)ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား(၂)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၇)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား (၄)ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား(၁)ဦး၊ သရက်မြို့နယ်မှ အမျိုးသမီး(၁)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၃)ဦး စုစုပေါင်း PDF အဖွဲ့ဝင် (၁၅၀)ဦးဟာ ၎င်းတို့နှင့်အတူ ပါရှိလာတဲ့ မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG တစ်လတ်၊ လက်လုပ် သေနတ် ၂ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်၊ ကျည်ကာအင်္ကျီ (၄)ထည်တို့နဲ့အတူ တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ရိုင်ဖယ်အုပ်စုဝင် သေနတ်တစ်လက် အတွက် ဆုကြေးငွေ သိန်း(၅၀) နှုန်းဖြင့် သေနတ် (၁၅)လက်အတွက် ငွေကျပ် သိန်း(၇၅၀)၊ RPG တစ်လက်အတွက် ဆုကြေးငွေ (၇၅)သိန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ (၅)သိန်းနှုန်းဖြင့် သေနတ် (၂)လက်အတွက် ငွေကျပ် (၁၀)သိန်း၊ လက်ပစ်ဗုံး/ဗုံးသီး တစ်လုံးစီအတွက် ဆုကြေးငွေကျပ် (၃)သိန်းနှုန်းဖြင့် (၁၉)လုံးအတွက် ငွေကျပ် (၅၇)သိန်း၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေ (၂)သိန်းနှုန်းဖြင့် စကားပြောစက် (၅)လုံး အတွက် ဆုကြေးငွေ (၁၀)သိန်း၊ ကျည်ကာ အင်္ကျီတစ်ထည်လျှင် ဆုကြေးငွေ (၂)သိန်းနှုန်းဖြင့် ကျည်ကာအင်္ကျီ (၄)ထည်အတွက် ဆုကြေးငွေ (၈)သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် (၁၃၃)ဦးအတွက် ဆုကြေးငွေကျပ် (၁၃၃)သိန်းကျပ် စုစုပေါင်းငွေကျပ် (၁၀၄၃)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
၎င်းနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်က ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ပေးအပ်ခဲ့သည်။
#MNP #News


No comments:
Post a Comment