ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် မြို့တော်ဝါရှင်တန် ဒီစီသို့ ရောက်ရှိလျက်ရှိသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး (Walk for Peace) သံဃာတော်များ အား ၁၁-၂-၂၀၂၆ ရက်တွင် St. Mark's Capitol Hill ခရစ်ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန် ခေတ္တရပ်နားစဉ် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး၊ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ အေးချမ်းသာယာဝပြောရေးအတွက်ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရ (Venerable Bhikkhu Paññākāra) ထံသို ဆက်ကပ် လှူဒါန်းခဲ့သည်။
ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး (Walk for Peace) သည် ကမ္ဘာ့ငြိမ်းချမ်းရေး မြှင့်တင်ရေးအတွက် သံယာတော်များက ၂၆-၁၀-၂၀၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ စတင်၍ မိုင်ပေါင်း (၂၃၀၀)ခန့် လျှောက်လှမ်းခဲ့ခြင်းဖြစ်ပြီး၊ မြို့တော်ဝါရှင်တန်ဒီစီတွင် ခရီးစဉ်ပြီးဆုံးမည် ဖြစ်သည်။
Walk for Peace ဆရာတော်များသည် ခရီးစဉ်အောင်မြင်စွာပြီးဆုံး၍ ဝါရှင်တန်ဒီစီမှ တက္ကဆက် သို့ ဘတ်စ်ကားဖြင့် ပြန်လည်ကြွချီသွားကြပြီဖြစ်ကြောင်း သိရသည်။
#MNP #News







No comments:
Post a Comment