PDF အကြမ်းဖက်အဖွဲ့တွေက အသက် ၁၂/ ၁၃ နှစ်ပဲရှိသေးတဲ့ ကလေးတွေကို အသုံးချနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အကြမ်းဖက်အဖွဲ့တွေက အသက် ၁၂/ ၁၃ နှစ်ပဲရှိသေးတဲ့ ကလေးတွေကို အသုံးချနေ

 


ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ (၁၃-၂-၂၀၂၆)


ကျွန်မသားလေးက လွန်ခဲ့တဲ့(၂)လ၊ (၃)လလောက်က ပျောက်သွားပါတယ်။ ပျောက်တဲ့ တစ်ရက်ကတော့ လိုက်မရှိခဲ့ပါဘူး။ ဒီလိုပဲအပေါင်းအသင်းတွေနဲ့သွားတယ်လိုပဲမှတ်ခဲ့ပါတယ်။ နောက်နေ့တစ်ရက်သွားရှာကြတော့ အနောက်ဘက်ကလူတွေကပြောပါတယ်။ ဒီကလေးတွေ အနောက်ဘက်ကူးသွားတယ်ပြောတော့ ကျွန်မတို့မလိုက်သွားရဲတဲ့အတွက် အုပ်ချုပ်ရေးမှုးကို အကြောင်းကြားပါတယ်။ အုပ်ချုပ်ရေးမှုးကနေ အဲဒါဆိုရင် သက်ဆိုင်ရာကိုသွားပြီးသတင်း ပေးမယ်ဆိုပြီး ကျွန်မတို့ကိုခေါ်သွားပါတယ်။ ခေါ်သွားတဲ့အတွက် ဆရာတွေကလည်း အဲဒါဆို အမကြီးရဲ့သားလေးက အသက်က ၁၂/ ၁၃ နှစ်ပဲရှိသေးတာကြောင့် အသက်မပြည့်သေးတဲ့ အတွက် အဆက်အသွယ်လုပ်လာရင် ကျွန်တော်တို့ကို အကြောင်းကြားပါဆိုပြီး ကျွန်မတို့ကို အိမ်ကိုပြန်ပြီး အေးအေးဆေးဆေးနေထိုင်ခွင့်ပေးပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျွန်မသားလေး ကျွန်မဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတော့ ကိုယ့်သားသမီး ကိုယ့်ရင်ခွင် ထဲကိုပြန်လာတဲ့အတွက် ကျွန်မဝမ်းလည်းသာပါတယ်။ ဒါပေမယ့် ကျွန်မတစ်ချက်စဉ်းစား တာက ကျွန်မသားလေးက အမှောင်နယ်မြေက ပြန်လာတဲ့အတွက် သူတို့ပြေသလိုပဲ ရိုက်မယ် ချွတ်မယ်ပဲထင်ခဲ့ပါတယ်။ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ စဉ်းစားပြီး မနက်လင်းတော့ ကျွန်မ အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှုးတို့ကို တိုင်ပင်ပါတယ်။ တိုင်ပင်တော့ ဒါဆိုရင် ဒီကလေးတွေကို တို့သက်ဆိုင်ရာက်ပို့မယ်။ စိတ်ချကလေးတွေဘာမှမဖြစ်စေရပါဘူးလို့ အုပ်ချုပ်ရေးမှုးကိုကတိပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့အပ်လိုက်ပါတယ်။ အပ်လိုက်ပြီး ၄/၅ ရက်လောက်ကြာတော့ သူများတွေပြောသလိုပဲ ကျွန်မသားတွေခေါ်သွားပြီးတော့ ဒီအချုပ်ထဲမှာဘဲထားပြီး ရိုက်မယ် နှက်မယ်မှတ်ပြီး ကျွန်မတို့စိုးရိမ်ပြီးတော့ အုပ်ချုပ်ရေးမှုးကို ဦးလေးကျွန်မတို့ ကလေးတွေနဲ့ တွေ့ချင်ပါတယ်လို့ပြောပါတယ်။ ပြောတော့ လိုက်ပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ကလေး တွေဆီရောက်သွားတော့ သူတို့ပြောသလိုမဟုတ်ဘဲနဲ့ ကလေးတွေကို ဆရာတွေက ကိုယ့်အိမ် လို့သဘောထားပြီး နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ ဆရာစားသလို ကျွေးပါတယ်။ ကလေး တွေကိုမေးပါတယ်။ မေးတော့ သားက “သားကိုဆရာက ရိုက်လားမေးတော့ ကလေးတွေက မရိုက်ပါဘူးလို့”ဖြေပါတယ်။ အဲဒီအတွက် ကျွန်မဝမ်းသာပါတယ်။ သူတို့လေးတွေ လွတ်လွတ် လပ်လပ်နေတာမြင်တော့လည်း ကျွန်မပီတိဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲပြီးရင် ကျွန်မသား လေးနဲ့တွေ့ရတော့မယ့်အတွက် ကျွန်မအတိုင်းအတာမသိဝမ်းသာပါတယ်။ ကျွန်မအရင်တုံးက ဆိုရင် ကျွန်မသားလေး သေသလား ရှင်သလားတောင် ကျွန်မ မသိပါဘူး။ အခုကျွန်မသား လေးကိုနွေးနွေးထွေးထွေးကြိုဆိုတယ်။ ကျွန်မတို့သားအမိတစ်တွေလည်း ပျော်ပျော်ရွှင်ရွှင်နေ ထိုင်ခွင့်ပေးတဲ့ ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှုးကိုရော ဒီကအရာရှိ/အရာခံ/ဗိုလ်ကြီးတွေ ကိုလည်း ကျွန်မအထူးကျေးဇူးတင်ရှိပါတယ်။


#MNP #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)