ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ (၁၃-၂-၂၀၂၆)
သင်တန်းတက်နေစဉ်ကာလအတွင်းမှာပဲ သင်တန်းဆရာတွေရဲ့ ခွဲခြားဆက်ဆံတာတွေကို လည်းခံခဲ့ရပါတယ်။ အဲဒီအထဲမှာလည်း ထွက်ပြေးဖို့တော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အရှေ့မှာပြေးတဲ့သူတွေကလည်းရှိတယ်။ ဒါပေမယ့် သူတို့လည်း ပြန်မိတယ်။ ပြန်မိတော့ ကြိုးတွေနဲ့တုပ်ပြီး သေလောက်အောင်ရိုက်နှက်တာတွေလည်း ကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့ရပါတယ်။ မြင်တွေ့တော့ ငါလည်းပြေးမယ်ဆိုလို့ရှိရင် သူတို့လိုပဲပြန်မိမယ်ဆိုပြီးတော့ သင်တန်းကို ကျိတ် မှိတ်ပြီးတော့ တက်ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း အဲဒီအကြမ်းဖက်ခေါင်း ဆောင်တွေရဲ့ ပြည်သူတွေကို နှိပ်ဆက်မှုတွေ၊ မတရားငွေကြေးကောက်ခံမှုတွေ ပြီးတော့ရရှိလာ တဲ့ ငွေကြေးတွေကို ပြည်သူတွေအတွက် ပြန်လည်အသုံးပြုတာမရှိဘဲနဲ့ သူတို့ရဲ့ကိုယ်ကျိုး အတွက် အသုံးပြုတာတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လည်း ကျွန်မ အဲဒီအကြမ်းဖက်အဖွဲ့အစည်းက ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီကနေတဆင့် တကောင်းဘက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရ ပါတယ်။ တကောင်းဘက်မှာလည်း အဲဒီလိုပဲ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ပြည်သူတွေ အပေါ် နှိပ်စက်မှုတွေ၊ ငွေကြေးကောက်ခံမှုတွေကိုလည်း အရင်နည်းအတိုင်းပဲ မြင်တွေ့ခဲ့ ရပါတယ်။ အဲဒီမှာပဲ ကျွန်မအနေနဲ့အရဲစွန့်ပြီး မန္တလေးဘက်ကိုထွက်ပြေးလာခဲ့ပါတယ်။ လမ်းမှာလည်း ကိုးရက်လောက် အချိန်ကြာမြင့်ခဲ့ပါတယ်။ ခက်ခက်ခဲခဲကျော်ဖြတ်လာပြီးတော့ တပ်မတော်ထံမှာ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်မှာ အလင်းဝင်တဲ့အခါမှာလည်း ကျွန်မ တို့ကို နွေးနွေးထွေး ထွေးကြိုဆိုပါတယ်။ တကယ့်မိသားစုအရင်းအခြာတွေလိုလည်း ဆက်ဆံ ပါတယ်။ သူတို့ဟိုမှာ အကြမ်းဖက်အဖွဲ့အစည်းထဲမှာနေတုန်းကလိုမျိုး သူတို့မှိုငးသွင်းထားတာ တွေရှိပါတယ်။ မင်းတို့ တပ်မတော်မှာအလင်းဝင်မယ်ဆိုလို့ရှိရင် မင်းတို့ကိုသတ်မယ်။ မိန်းခလေးတွေဆိုလို့ရှိရင်လည်း အတင်းအဓမ္မမုဒိန်းကျင့်တာတွေရှိမယ်။ မိသားစုတွေကိုလည်း သတ်ဖြတ်တာတွေရှိတယ်ဆိုပြီးတော့ သူတို့မှိုင်းသွင်းထားတွေရှိပါတယ်။ ဒါပေမယ့် တပ်မတော် ထံမှာ အလင်းဝင်တဲ့အခါမှာ အဲဒီလိုမျိုးတွေမရှိပါဘူး။ ကျွန်မတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးအမြင်မှန် ရပြီးတော့ တပ်မတော်နဲ့ပူးပေါင်းဖို့၊ တပ်မတော်ထံအလင်းဝင်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။
#MNP #News

No comments:
Post a Comment