အရှင်ထွက် မရှိဘူး အသေထွက်ပဲရှိတယ်
ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ (၁၃-၂-၂၀၂၆)
အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိရတဲ့အကြောင်းအရင်းက ကျွန်တော်အလုပ် လုပ်မယ် ဆိုပြီးတော့ သူငယ်ချင်းတွေနဲ့ ချိတ်ထားပါတယ်။ သူငယ်ချင်းတွေက အကြမ်းဖက်အဖွဲ့ အစည်းထဲသွားမယ်လုပ်ထားပါတယ်။ မသိခဲ့ပါဘူး။ ဟိုရောက်တော့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေပါတယ်။ ကျွန်တော်အိမ်ပြန်ချင်တယ်ပြောတော့ကျွန်တော်ကို ပြန်မပို့ပါဘူး။ အရှင်ထွက် မရှိဘူး အသေထွက်ပဲရှိတယ်လို့ပြောပါတယ်။ နောက်ပြီး ကျွန်တော့်ကိုလည်း ပြေးရင် ပစ်သတ်မယ်၊ မိဘတွေကိုလည်း လိုက်ရှာပြီး သတ်မယ်လို့လည်း ပြောပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အကြမ်းဖက် အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း နဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ထိတွေ့မှုတွေရှိပါတယ်။ ဆုတ်ခွာရတဲ့နယ်မြေတွေလည်း များပါတယ်။ ကျွန်တော် တို့ကို ဆက်ကြေးတွေကောက်ခိုင်းပါတယ်။ နွားထိုးကြီးမြို့ နယ်ဘေးနား က ရွာနီးစပ်ရာ ရွာတွေအိမ်တွေဆိုရင်လည်း ကောက်ရပါတယ်။ တစ်လကို ၅ သောင်း ၊ ၇ သောင်း ၊ ၁ သိန်း အဲဒီလိုကောက်ရပါတယ်။ နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်တဲ့ သူတွေကိုလည်း ကောက်ရပါတယ်။ အဲဒါတွေဆိုရင်တစ်လကို ၁၀ သိန်း ၊ ၁၂ သိန်း ၊ သိန်း ၃၀ ကောက်ရပါတယ်။ အဲလိုမျိုးမပေးဘူး။ သူတို့တောင်းတဲ့အချိန်မပေးဘူး မကြည်ဖြူတဲ့ ပုံစံတွေလုပ်ရင် အဲဒီလူကို ဒလန်ဆိုပြီး သတ်ပါတယ်။ ပြီးရင် မီးရှို့ဖျက်ဆီးပါတယ်။ ဒလန်ဆိုပြီးသတ်တဲ့နေရာမှာလည်း သတ်တဲ့အဖွဲ့က သပ်သပ်ကိုရှိပါတယ်။
အဲ့ဒါကြောင့်မလို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်မကြိုက်ပါဘူး။ တပ်မတော်ထံလာရင်သတ်မယ် မိဘတွေကို နှိပ်စက်မယ် ၊ ကောင်းကောင်းမနေရဘူး၊ ကောင်းကောင်းမစားရဘူး၊ အဲ့ဒီလိုမျိုးတွေလည်း ပြောပါတယ်။ တကယ်တမ်းမဟုတ်ပါဘူး။ လိုလေသေးမရှိအောင်ထားပါတယ်။ နောက်တစ်ခုက ကိုယ့်ညီအကိုမောင် နှမလို ၊ ကိုယ့်တူကိုယ့်သားလိုလည်း စောင့်ရှောက်ပါတယ်။ ကျွန်တော်တို့အလင်းဝင်လာတော့လည်း သူတို့ကလည်း နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ ဒါကတော့ ကျွန်တော်မျက်မြင်ကိုယ် တွေ့ပါ။ တောထဲက ညီအကိုမောင်နှမတွေအားလုံးကိုလည်း ကျွန်တော်မှာချင်ပါတယ်။ နီးစပ် ရာစစ်ကြောင်း၊ နီးစပ်ရာ ဌာနဆိုင်ရာ၊ နီးစပ်ရာအရပ်တွေကို သွားပြီးတော့ အမြန်ဆုံးချိတ်ဆက် ပြီး အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
#MNP #News

No comments:
Post a Comment