မြောက်ဥက္ကလာ၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက် ရေတွင်းရပ်ကွက် ၊ သဓမ္မာလမ်း ၊ အဝိုင်းကြီးကားမှတ်တိုင်တွင် ယနေ့ နေ့လယ် ၃ နာရီ ၁၉ မိနစ် အချိန်ခန့်က YBS မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ ဝါယာကြိုးများ အပူလွန်ကဲ၍ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက် ရေတွင်းရပ်ကွက် ၊ သဓမ္မာလမ်း ၊ အဝိုင်းကြီးကားမှတ်တိုင်တွင် YBS မော်တော်ယာဉ်တစ်စီး မီး လောင် နေ ကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ ၊ အရန် မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက်မီးငြိမ်းသတ်ရာ နေ့လယ် ၃ နာရီ ၂၅ မိနစ် အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ ယာဉ်မောင်းဦး၀င်းမြင့် (ဘ)ဦးမြင့်စိုး ၊ အသက်(၄၀)နှစ် မောင်းနှင်း သော YBS 42 ယာဉ်လိုင်းမှ Hyundai အပြာရောင် ယာဉ်သည် (ဃ)ဈေးမှတ်တိုင်ဘက်မှ မြောက်ဥက္ကလာပ အဝိုင်းကားမှတ်တိုင်ဘက်သို့ သုဓမ္မာလမ်း အတိုင်း မောင်းနှင်းပြီး အဝိုင်းမှတ်တိုင် အရောက် လူ အတင်အချပြုလုပ်နေစဉ် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ ရှော့ဖြစ်၍ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ ၊ ကားအတွင်းရှိ ဆိုဖာခုံများ ၊ ကားမျက်နှာကျက် ဖိုက်ဘာ အကာများ ၊ ကား အနောက်မှန် ၊ ဘေးမှန်များ စုစု ပေါင်း ဆုံးရှုံးမှုတန်ဖိုး ၂၅၀၀၀၀၀ ကျပ်ခန့် မီး လောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မီး လောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦး၀င်းမြင့် (ဘ)ဦးမြင့်စိုး ၊ အသက်(၄၀)နှစ် အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၆၀ /၂၀၂၆ /ပုဒ်မ-၂၅၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment