ရခိုင်ပြည်နယ်၊ မြောက်စမ်းဒေသရှိ AA အကြမ်းဖက် စခန်းတစ်ခုကို မတ် ၆ ရက်(ယနေ့)တွင် တပ်မတော်စစ်ကြောင်းများက စီးနင်းတိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆောင်ရွက်စဉ်အတွင်း AA အကြမ်းဖက်သမား ၁၀ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက် (Type-81 သေနတ် ၈ လက်၊ MA-1 သေနတ် ၁ လက်၊ MA-2 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်)၊ ကျည်အိမ်/ ကျည်ဆန်များ၊ ပစ်ကျင်း/ဘန်ကာများ၊ ကျည်ကာဦးထုပ်များ သိမ်းပိုက်ရရှိခဲ့သည်။
AA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် တပ်မတော်သား မိသားစုဝင်များနှင့် နိုင်ငံဝန်ထမ်းများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဖြစ်သည်။
#News #MNP


No comments:
Post a Comment