အကြမ်းဖက်အဖွဲ့အစည်းထဲကို ကျွန်တော်ရောက်သွားရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ ရန်ကုန်မှာအလုပ်လုပ်နေရင်းနဲ့ Tiktokက နေပြီး ချိတ်ဆက်မိသွားတယ်။ သံတွဲကို ကျွန်တော်တို့ ကို ပို့တယ်။ ရောက်သွားတဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့တွေ ပင်းပန်းဆင်းရဲဒုက္ခတွေ မျိုးစုံ ခံခဲ့ရတယ်။ သူတို့တွေရဲ့ စနစ်ကလည်း ကျွန်တော်တို့လုံးဝမကြိုက်ဘူး။ မူးရူးလာတဲ့အချိန်ဆို ရင် ရဲဘော်ကိုရဲဘော်မှန်းလည်းမသိ။ ဆဲဆိုတယ်။ ရိုင်းပြတယ်။ ရိုက်နှက်မှုတွေက အများကြီးကို ပိုဆိုးတယ်။ AA တွေ ကျွန်တော်တို့ကို လာမခေါ်ခင်တုန်းကတော့ ကျွန်တော်ပြောတယ်။ ကျွန် တော်ပြန်လို့ရရင် ပြန်မယ်။ ကျွန်တော်မနေချင်ဘူးလို့။ တောထဲလည်း မဝင်ချင်ဘူးလို့ပြောတဲ့ အချိန်မှာ မင်းတို့ပြန်လို့မရဘူးတဲ့။ ဒီဘက်ကိုလာပြီးတော့ ပြန်လို့ရှိရင် အရှင်ထွက်တော့မရဘူး။ အသေထွက်ပဲရမယ်လို့ပြောတယ်။ သင်တန်းနည်းပြတွေက ကျွန်တော်တို့ကို ဆက်ဆံတဲ့ပုံစံတွေ ရင့်သီးတယ်။ ရိုင်းပြတယ်။ အသိစိတ်ဓာတ်အရမ်းနည်းတော့ သင်တန်းသားတစ် ယောက်နဲ့ သင်နည်းပြတစ်ယောက်က သူတို့သင်ကြားမှုပဲ မှန်တယ်။ သူတို့ပြောတာပဲ မှန်တယ်။ သူတို့ခိုင်းတာ ပဲလုပ်ဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံပြီးတော့ ကျွန်တော်တို့ကို သင်တန်းပေးတယ်။ ကျွန်တော်သင် တန်းတက်ပြီးသွာလို့ ရှေ့တန်းရောက်လာတဲ့အချိန်မှာတော့ ကာကင်းမှာပဲ နေရတယ်။ ကာကင်းမှာ AA တွေနဲ့ နေရတယ်။ AA တွေက သူတို့ခိုင်းတာလုပ်၊ တစ်ခါတစ်လေကျ သူတို့ဘက်က မှားတာရှိလို့ ပြန်ပြောရင် ဖြတ်ကန်တာတို့၊ သတိဆွဲပြီး ပါးရိုက်တာတို့ လုပ်တယ်။ တချို့ AA တွေ ဆိုလည်း သူများတကာအိမ်တွေပေါ်တက် အဝတ် အစားတွေမွှေနှောက်၊ ကျွန်တော်တို့တွေက မကြိုက်လို့ပြောတော့ ကျွန်တော်တို့ကို သတိဆွဲပြီး ပါးရိုက်တယ်။ အလင်းဝင်ဖို့ကျွန်တော်တွေး တယ်။ တစ်လနှစ်လလောက်ထိကို ကျွန်တော် တွေးနေတယ်။ ကြိုးစားလို့မရဘူး။ ကျွန်တော်တို့ကို စောင့်ကြည့်တဲ့ဟာတွေရှိတယ်လေ။ အခုလိုမျိုး ကျွန်တော်တို့လို အလင်းဝင်လာတဲ့သူတွေကို အခမ်းအနားကြီးနဲ့ နွေးနွေး ထွေးထွေးကြိုဆိုပေးကြတဲ့အတွက် တပ်မတော်ကလူကြီးမင်းများ၊ အရာရှိများနဲ့ ရဲဘော်အ ပေါင်းတို့ကို အားလုံးကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
#MNP #News

No comments:
Post a Comment