ကျွန်တော်က အရင်တုန်းက သာမန်ပြည်သူပါ။ ကျွန်တော်နိုင်ငံရေးတွေ၊ ဘာတွေလည်း စိတ် မဝင်စားဘူး။ မိသားစုတွေနဲ့ အေးအေးချမ်းချမ်းနေတယ်။ စုဆောင်းရေးရောက်တော့ တစ်လ လောက်ထိတော့ နားရတယ်။ စုဆောင်းရေးကန့်သွင်းထားတဲ့အချိန်မှာ ကတုတ်ကျင်းတူးတာတို့ ဘန်ကာဆောက်တာတို့ အဆောက်အဦဆောက်တာတို့ သင်တန်းကွင်းအတွက် မြေနေရာရှင်း တာတို့ အဲ့တာမျိုးတွေ ကျွန်တော်တို့ လုပ်ရပါတယ်။ သစ်ပင်ခုတ်၊ ဝါးခုတ်တာ၊ အဲတာမျိုးတွေ COMPLAIN တက်ခွင့်မရှိပါဘူး။ အစုံလုပ်ရပါတယ်။ စားတာကတော့ မနက်ပိုင်းကို ဆန်ပြုတ်တိုက်ပါတယ်။ နေ့လည်ပိုင်းကို ငါးနီတူ တစ်ယောက်ကို ၁၀ဖတ်၊ ၁၅ ဖတ်လောက်ပဲ ရတယ်။ လှော်ကျွေးပါတယ်။ တစ်ခါတစ်လေ မြေပဲထောင်းပြီး ငရုတ်သီးနဲ့ကြော်တဲ့ဟာလည်း ကျွေးတယ်။ ကွင်းထဲမှာရှိတဲ့ ကင်ပွန်းချဉ်အရိုင်း တွေခူးပြီး ချဉ်ဟင်းချက်စားရတာ ရှိပါတယ်။ ဆန်ကတော့ မိုးမိတာလို့ အခဲဆန်မျိုးတွေလည်းရှိပါတယ်။ သင်တန်းကာလတစ်လျှောက်လုံး မိုးလင်းမိုးချုပ်လူမဆန်စွာ ခိုင်းတယ်။ ကန်တယ်။ ကြောက်တယ်။ ပြေးသွားပြီဆိုရင်လည်း ပြန်ဖမ်းတယ်။ ပြန်ဖမ်းမိရင် သင်တန်းသား အစုံအစိပေါ့။ ၅၀ ရှိရင်၊ ၅၀ ၊ ၁၀၀ရှိရင် ၁၀၀ တစ်ယောက် ၅ ချက်စီ ရိုက်ခိုင်းပါတယ်။
ပြီးတော့ သံခြေကျင်းနဲ့ ထောင်သဘောမျိုးဆောက်ထားတဲ့ အဆောက်အဦမှာ ထားပါတယ်။ ဒီဖိနှိပ်မှုက တော့ တော်တော်လေးကြီးမားပါတယ်။ ဒါကို ကျွန်တော်တို့က ပြန်လည်ပြောဆိုခွင့်မရှိပါဘူး။
တပ်မတော်ဘက်က ကျွန်တော်တို့အပေါ်ဆက်ဆံတာကတော့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာတဲ့အတွက် သူတို့ဘက်ကလည်း လှိုက်လှိုက်လှဲလှဲဝမ်းပမ်း တသာနဲ့ကြိုဆိုကြပါတယ်။ အခုလို ကျွန်တော်တို့ အသိစိတ်ဓာတ်နဲ့ အလင်းဝင်လာတာကို လှိုက်လှိုက်လှဲလှဲပြန်လည်ပြီးတော့ ကြိုဆိုပေးတဲ့ တပ်မတော်အကြီးအကဲတွေရော ပြည်သူတွေရော အားလုံးကိုလည်း ကျွန်တော်ကျေးဇူး တင်ပါတယ်။ တော်လှန်ရေးခေါင်းစဉ်တပ်ထားပြီးတော့ အဲဒီအရိပ်အောက်မှာ လက်ရှိတိုက်နေကြတဲ့ ညီအစ်ကိုတွေရော တိုင်းရင်းသားအားလုံးရော လက်နက်နဲ့ ငြိမ်းချမ်းရေးကို လာရောက်လဲလှယ်ပေးပါ။ လက်နက်မဲ့အလင်းဝင်ချင်လည်း လာရောက်ပြုလုပ်ပါ။ ဒီဘက်မှာက အားလုံးလုံခြုံပါတယ်။ ဘေးကင်းပါတယ်။ မိသားစုကို ဒုက္ခပေးခြင်းမျိုး ဘာတစ်ခုမှမရှိပါဘူး။ ရောက်လာတဲ့လူတွေအပေါ်မှာလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်းကို ကျွန်တော်တို့ကလည်း အာမခံပါတယ်။ ကျွန်တော်တို့လည်း လက်ရှိမှာ အလင်းဝင်လာတဲ့ လူတွေပါပဲ။
#MNP #News


No comments:
Post a Comment