အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီ ရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီ ရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း



စက်သုံးဆီဝယ်ယူရာတွင် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ပြီး ပိုမို၍ပြည့်စုံသည့်စနစ်ဖြင့်    နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၇-၃-၂၀၂၆ရက်နေ့မှစ၍ ရောင်းချသွားမည်ဖြစ်ပြီး ကျန်မြို့များတွင်လည်း ယခုစနစ်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စနစ်အားအသုံးပြုရာတွင် မော်တော်ယာဉ်၏ Wheel Tax တွင် အာမခံမှုအမှတ်အသား(Hologram)ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပါသည်။

ဝယ်ယူမည့်ဆီအမျိုးအစားနှင့်ပမာဏကိုဖြည့်သွင်းပြီး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့်ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် Server သို့ဝင်ရောက်သွားပါမည်။

သတ်မှတ်ပေးသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ် ဝယ်ယူရပါမည်။ခရီးဝေးသွားရောက်မည့်ယာဉ်များအတွက် မူလဝယ်ယူထားသည့် စက်သုံးဆီငွေရှင်းပြေစာကိုပြသ၍ ရောက်ရှိရာအခြားတိုင်းဒေသကြီး/ပြည်နယ်ရှိအရောင်းဆိုင်များတွင် Scan ဖတ်၍ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ခရီးဝေးပြေးဆွဲနေသည့် အထူးဘတ်စကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ် စသည့်ယာဉ်များကို Quota များသတ်မှတ်ခြင်းမရှိဘဲ   အရောင်းဆိုင်များမှ လိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချပေးသွားပါမည်။ Scan ဖတ်၍ မှတ်တမ်းတင်ထားပြီး Online Monitoring စနစ်ဖြင့် ကြပ်မတ် ထိန်းကျောင်းသွားပါမည်။

ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ရှိစက်သုံးဆီဆိုင်များ တွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

စက်မှုလယ်ယာကဏ္ဍတွင် အသုံးပြုသည့် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊  အိမ်တွင်းစက်မှု လုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်ပုံစံတွင်ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိ၍ ရောင်းချပေးမည်ဖြစ်ပါသည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်၍ ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရရှိမည်ဖြစ်ပါသည်။

ယာဉ်တစ်စီးချင်းအနေဖြင့် တစ်ပတ်စာဝယ်ယူခွင့်အကြိမ်ရေနှင့် ပမာဏကိုထုတ်ပြန်ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ရောင်းချပေးသွားမည် ဖြစ်ပါသဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ စက်သုံးဆီဝယ်ယူခွင့် ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။


စွမ်းအင်ဝန်ကြီးဌာန

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)