ကြို့ပင်ကောက် ၊ မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောမာင်ဗွေနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဈေးကော်မတီအဖွဲ့ဝင်များ ဈေးသူဈေးသားများနှင့် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်စက်များ ရေပန့်များ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန် ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည်များကို ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများအား မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေဆိုဝတ်ဖြင့်အုတ်၍ မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြိမ်းသတ်နည်းတို့ကို ဈေးသူဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြရှင်းလင်းပြီး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment