တွံတေး ၊ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတွင် ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှတက်ရောက်ကြကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် အဆိုပါ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းသို့ရောက်ရှိလာရာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကိုကိုနှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများမှ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ပထမအကြိမ်ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး(သိပ္ပံ) ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအား အခမ်းအနားကိုအစီအစဉ်(၂)ပိုင်းဖြင့် ကျင်းပခဲ့ရာ တိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှခန်းမ ကမ္ဗည်းမော်ကွန်း ကြေးပြားအားအမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပေးခဲ့ပြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်သည်တော်ကြီးများမှ ခန်းမဆောင်အတွင်းသို့ ကြွရောက်ခဲ့ကြကာ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့မှ အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းတွင် တတိယဆု ရရှိသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဒီပလိုမာ ကျောင်းသား /သူများမှ “ ငါတို့ချစ်သော ငါးသိပ္ပံကျောင်းတော်” ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ ကိုယ်တိုင်ရေးသားထုတ်ဝေသည့် စာအုပ်များအား ငါးလုပ်ငန်းသိပ္ပံ(တွံတေး) စာကြည့်တိုက်အတွက်ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှလက်ခံရယူပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပခဲ့ရာ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)မှ ကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများမှ ခန်းမအတွင်းစင်မြင့်ပေါ်သို့ တက်ရောက်နေရာယူပြီး နိုင်ငံတော်သီချင်းဖြင့် အလေးပြုခဲ့ကာ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ်များအား ကျောင်းသား / ကျောင်းသူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး
https://t.me/MyanmarNationalPost
No comments:
Post a Comment