မင်းဘူးမြို့ ခရိုင်အားကစားကွင်း၌ နွေရာသီ အားကစားသင်တန်း ဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့ ခရိုင်အားကစားကွင်း၌ နွေရာသီ အားကစားသင်တန်း ဆင်းပွဲကျင်းပ



မင်းဘူး  ၊ မတ် ၁ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားစကားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မင်းဘူးမြို့၊ ခရိုင်အားကစားဝင်း မိုးလုံလေလုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများမှ သင်တန်းတွင် မိမိတို့ သင်ယူတတ်မြောက်ခဲ့ကြသည့် ဘာသာရပ်များအလိုက် အကအလှအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကျောင်းသားများနှင့် သင်တန်းနည်းပြများအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် ဖုန်းနှင့်ဂိမ်းဆော့ခြင်းများတွင် အချိန်ကုန်မည့်အစား ကိုယ်လက်လှုပ်ရှားမှုဖြင့် အချိန်ကိုအနှစ်သာရရှိရှိကုန်းဆုံးစေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းများကိုစနစ်တကျသင်ယူပြီး၊ အနာဂတ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် နွေရာသီ၏ပူပြင်းသည့်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကိုယ်ခံအားမြှင့်တင်ပေးကာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်သင်ကြား ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ နွေရာသီ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်၍ အဆိုပါသင်တန်းတွင် ကရာတေး၊ ဝူရှူး၊ ဘောလုံး ၊ Fitness Dance ၊ သင်တန်းတို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)