မိုင်းဆတ်မြို့၌ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ




မိုင်းဆတ် ၊  မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းမှူးကျင်းပသည့် ကလပ်ပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ME STYLE CUP ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ဗိုလ်လုပွဲအဖြစ် Lion FC အသင်းနှင့် Youth Dream FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Lion FC အသင်းက ခြောက်ကိုး လေးကိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့်တာဝန်ရှိသူတို့က နေရာအလိုက်နှင့် ပွဲစဉ်တလျောက်အကောင်းဆုံးကစားသမားဆုရရှိသူများ၊ ပူးတွဲတတိယဆုရရှိသော Dominion FC အသင်းနှင့် Phoenix FC အသင်း၊ ဒုတိယဆုရရှိသော Youth Dream FC အသင်းနှင့် ပထမဗိုလ်စွဲသွားသော Lion FC အသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(မိုင်းဆတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)