စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှု အခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှု အခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ



နေပြည်တော်၊ မတ်လ ၅ ရက်

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့် အတွက်ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံ တစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိTerminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်းထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီပုံမှန်ရောင်းချ ပေးနိုင်ပါကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံ ပါကြောင်း၊ စက်သုံးဆီရောင်းချ ပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါ ကြောင်းအား တာဝန်ရှိသူများမှ မိဘပြည်သူများသို့ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိပါသည်။

စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိပြီး စက်သုံးဆီထပ်မံ ဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များ ကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီ အရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီ လက်ကျန်များ တိုင်းတာ စစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင် ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)