Myanmar Nation Voice သတင်းအေဂျင်စီက သတင်းတင်ဆက်မှုများကို ရန်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း အသိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

Myanmar Nation Voice သတင်းအေဂျင်စီက သတင်းတင်ဆက်မှုများကို ရန်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း အသိပေး


ရန်ကုန်၊ မတ် ၅

Myanmar Nation Voice သတင်းအေဂျင်စီ တည်ထောင်သူ ဦးဝင်းမော် က ဘဏ္ဍာရေးအကြပ်အတည်းကြောင့် သတင်းတင်ဆက်မှုများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ယနေ့ ၅-၃-၂၀၂၆ ရက်နေ့တွင် အသိပေးပြောဆိုထားသည်။

ယခင် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြိုးမင်းသိန်း က မဘသ မလိုအပ်ဟု ပြောဆိုစဉ်ကတည်းက အမျိုးသားရေးအသိစိတ်ရှိနေရုံမျှဖြင့် မရတော့ဘဲ အမျိုးသားရေးမီဒီယာလိုအပ်သည်ဟု ခံယူပြီး Myanmar Nation Voice ကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ current news များထက် လူငယ်များ အမျိုးသားရေးအသိအမြင် ရရှိစေရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ တော်သုံးတော်ကို ဦးထိပ်ထား ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း၊ ကာလရှည်ကြာ ကူညီပံ့ပိုးပေးခဲ့ကြသည့် မိတ်ဆွေများနှင့် အားပေးခဲ့ကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း၊ ဘဏ္ဍာရေးအခက်အခဲအရ ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

Myanmar Nation Voice သတင်းအေဂျင်စီတည်ထောင်သူ ဦးဝင်းမော် သည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ပြီး ပြည်ပြေး မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနတွင် မြန်မာပြည်တာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ DVB သတင်းဌာန က ဘင်္ဂါလီများကို လူမျိုးလိမ်နာမည်ဖြင့် ရေးသားဖော်ပြပေးရန် ဖိအားပေး ပြောဆိုလာသည့်အခါ DVB နှင့် လမ်းခွဲပြီး အမျိုးသားရေးလှုပ်ရှားမှုများကို စတင်ခဲ့သူ ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)