မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး











မကွေး၊ မတ် ၈

မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား မတ် ၇ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများနှင့် အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအား မကွေးစက်မှုဇုန်စီမံကိန်း လုပ်ငန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ)တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က အဆောက်အဦးများ ဆောက်လုပ်ခြင်း Survey တိုင်းတာခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖော် တစ်ကြောင်းထိုးလုပ်ငန်း၊ မြေသားတာဘောင်တင် ခင်းခြင်းလုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့မှုများနှင့် ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေများနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံချိန်စံနှုန်းများနှင့် အညီ သတ်မှတ်ကာလပြီးစီးရေး မှာကြားကာ၊ စက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများ နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များမှာ အသေးစား စက်မှုဇုန်များ ဖော်ဆောင်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက် အရ မကွေးတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မကွေးမြို့မှာ စက်မှုဇုန် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊မကွေးမြို့စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့် အညီ စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက  ပြည်တွင်း / ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးမြို့ စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်စီမံကိန်း Site Cleaning၊ Survey တိုင်းတာဆောင်ရွက်မှု၊ မြေကွက်တိုင်းတာချထားပေးမှု၊ လက်ရှိ စက်မှုဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင်များမှ လုပ်ငန်းပြင်ဆင်ဆောင်ရွက်မှု အခြေအနေများနှင့် လမ်းအူကြောင်းဖော်လုပ်ငန်းများ၊ စက်မှုဇုန်အတွင်းလမ်းများ ပြီးစီးဆောင်ရွက်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။

မကွေးမြို့စက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင် အမှတ် (၃၂၅)၊ မကွေးမြို့မှ (၄)မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ (၇)ဖာလုံခန့်အကွာ၊ မကြီးကန် ဓာတ်အားခွဲရုံမှ ၁.၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အမှတ်(၅)စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ်လျက် တည်ရှိပြီး(၄၆၁.၁၄)ဧက ကျယ်ဝန်းကာ၊ စက်မှုဇုန် မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့် အကွာတွင် ဧရာဝတီမြစ် တည်ရှိသဖြင့် နောင်အနာဂတ် စက်မှုဇုန် ဖွံ့ဖြိုးလာသည့် အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ် တစ်ခု ဆောင်ရွက်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)