ဘားအံမြို့နယ် အိန္ဒုဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့နယ် အိန္ဒုဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်



ဘားအံ  ၊ မတ် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း အိန္ဒုကျေးရွာရှိ အိန္ဒုဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အိန္ဒုကျေးရွာရှိ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဂျေဟန်ဖြိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အိန္ဒုဈေးတာဝန်ခံနှင့် စည်ပင်ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အိန္ဒုဈေးအတွင်းရှိ မီးသတ်ဆေးဘူးများစစ်ဆေးခြင်း၊ လျှပ်စစ်မီတာနှင့် မီးကြိုးများ စစ်ဆေးခြင်း စသည့် မီးဘေးလုံခြုံရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် နယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဂျေဟန်ဖြိုးနှင့် တပ်ဖွဲ့ဝင်များက အိန္ဒုဈေးသူ/ဈေးသားများအား မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောပေးပြီး မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို တက်ရောက်လာကြသော ဈေးသူ/ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)