သာကေတ ၊ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်ရာတွင် သက်ဆိုင်ရာအခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက (၉)ရပ်ကွက်၊ လူငယ်စင်တာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က ဗိုလ်တထောင်ခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း(၁၊ ၂၊ ၃)ခုလုံးတွင် ပါဝင်ခဲ့ကြောင်း၊ ခရိုင်အတွင်းရှိ မြို့နယ်များအနက် သာကေတမြို့နယ်သည် အပိုင်း(၃)တွင်ပါဝင်ခဲ့ပြီး ယခင်အပိုင်းများ၏ အားနည်ချက်၊ အားသာချက်များမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း၍ သက်ဆိုင်ရာအခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ကျေးဇူးတင်ရှိ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းတို့ကို ဂုဏ်ပြုအမှာစကားပြောကြားပြီး သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကလစ်အား ပြသခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်ရာတွင် သက်ဆိုင်ရာအခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ MEVM မဲပေးစက်နည်းပြအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရွှေတောင်ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment