ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက်



ဒဂုံဆိပ်ကမ်း  ၊ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ အလေးထားလိုက်နာဆောင်ရွက်စေရန်အတွက် ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်းမကြီးတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်ခေါင်းဆောင်သော One Stop Service အဖွဲ့မှ ရတနာလမ်းမကြီး တစ်လျှောက်ဖြတ်သန်းမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ် (၃၅) စီး၊ လုပ်ငန်းသုံးယာဉ် (၃၀) စီး၊ စုစုပေါင်း (၆၅) စီးတို့အား စစ်ဆေးဆောင်ရွက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။ နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့်ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ခုနှစ် မတ်လ(၃)ရက်နေ့နှင့် (၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စက်သုံးဆီခြိုးခြံချွေတာစွာသုံးစွဲရေးအတွက် ပြည်သူသို့အသိပေး ကြေညာချက်အား မတ်လ(၇)ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် မော်တော်ယာဉ်မောင်းနှင်သူ များအား မတ်လ (၁၄) ရက်နေ့မှစ၍ အလုပ်မဲ့ထောင်ဒဏ် (၁) လ၊ ဒဏ်ငွေနှစ်သောင်းကျပ်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)