လားရှိုးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

 


လားရှိုး  ၊ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် စာစစ်ဌာနများနှင့် အနီးပတ်ဝန်းကျင် လူနေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို မတ်လ ၅ ရက်နေ့က သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင်နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စာစစ်ဌာနပြုလုပ်မည့် အ.ထ.က (၆)နှင့် အ.ထ.က (၉) စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများ အလွယ်တကူဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထို့အပြင် စာသင်ကျောင်းနှင့် အနီးပတ်ဝန်းကျင်တွင် မီးလောင်မှုများမဖြစ်ပွားစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ မီးသတိမှုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Report Application အသုံးပြုနည်းမျှဝေပေးခြင်းနှင့် မီးဘေးလုံခြုံရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)