ပြည်ခိုင်ဖြိုးပါတီမှ ပဲခူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီမှ ပဲခူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြား






ပဲခူး၊ မတ် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းတာဝန်ခံ ဦးလှသိန်း(အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်)၊ ပဲခူးတိုင်းနာယက ဦးမျိုးဆွေဝင်း(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ဦးမင်းခန့်ကျော် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာထူးခြားအောင်(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များသည် ပဲခူးမြို့နယ်ရှိ ပါတီဥက္ကဋ္ဌများ၊ အောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပါတီအောင်နိုင်ရေးစွမ်းစွမ်းတမံ အားထုတ်ကြိုးစားခဲ့သူများနှင့် ၂၀၂၆ခုနှစ် မတ်လ ၇ ရက်နေ့တွင် တွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အစီအစဉ် ၄ ရပ်ဖြင့် ကျင်းပခဲ့ကြပြီး ဦးစွာပထမအနေဖြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းတာဝန်ခံ ဦးလှသိန်း(အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်) မှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများအား ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်ဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)