မြန်အောင်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်အောင်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ




မြန်အောင်  ၊မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြို့မနေခြည်ဈေးရှေ့တွင် ယမန်နေ့ နံနက်က ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့ “World Consumer Rights Day”အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်အား လူစည်ကားသည့်နေရာများဖြစ်သည့် မြို့မနေခြည်ဈေး‌ရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


ဝင်းဗိုလ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)