ဒဂုံမြောက် ၊ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက် နေပြည်သူများအား တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မတ် ၇ ရက်နေ့ နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း မီးလောင်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရန် မြို့နယ်မီးသတ် ဦးစီးဌာနမှ အမှတ် (၁၆) ရပ်ကွက်၊ ကုန်းဘောင်လမ်း၊ ရှင်ထွေးညိုလမ်းနှင့် အမှတ်(၂၉)ရပ်ကွက်၊ ပုဂံလမ်းနှင့် ဆဒုံဒူးဝါး လမ်းရှိအိမ်ခြေ (၂၀၀) အား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ် (၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနဆောင်ရွက်မည့် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် (၁၀) ဦးတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ
https://t.me/MyanmarNationalPost
No comments:
Post a Comment