မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးကျော်မြင့်တို့အား ရွေးကောက်တင်မြှောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးကျော်မြင့်တို့အား ရွေးကောက်တင်မြှောက်



မန္တလေး  ၊ မတ်၂၁

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို မတ်လ၂၀ ရက်နေ့ နံနက် ၁၀နာရီက  မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၇၂) ဦး တက်ရောက်ကြသည်။ဦးစွာ သဘာပတိအဖြစ် ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်ကို တင်မြှောက်ပြီး သဘာပတိက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများဆောင်ရွက်ကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများဆောင်ရွက်သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် . မိတ္ထီလာမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရမည်းသင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့အား ရွေးကောက်တင်မြှောက်သည်။ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်တွင် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ကြပြီး သဘာပတိကလွှတ်တော်ဥက္ကဋ္ဌထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို နံနက်(၁၁နာရီတွင် ရပ်နားကြောင်းသတင်းရရှိသည်။

မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)