
ပျော်ဘွယ် ၊ မတ် ၂၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၌ တရားမဝင် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ယမန်နေ့ ညနေ ၅ နာရီက အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် အဖွဲ့ဝင်များကဦးဆောင်ကာ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့သည် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များ ရှိ/မရှိ စစ်ဆေးခြင်း၊ တရားဝင်ခွင့်ပြုချက်ရရှိထားသော ဆိုင်ကယ်များကိုလည်း လိုင်စင်စာအုပ်ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment