ကျနော်တို့က စစ်ရေးအရ အသာစီးရနေတာမို့လို့ အပစ်မရပ်ပေးနိုင်ဘူးလို့ ထရမ့်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျနော်တို့က စစ်ရေးအရ အသာစီးရနေတာမို့လို့ အပစ်မရပ်ပေးနိုင်ဘူးလို့ ထရမ့်ပြော


မတ် - ၂၁ ( စနေနေ့ ) 

အရှေ့အလယ်ပိုင်းစစ်ပွဲသည် လေးပတ်မြောက်အတွင်း ဝင်ရောက်လာတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ငြင်းဆိုလိုက်ပြီး အမေရိကန်က စစ်ရေးအရ အသာစီးရနေတယ်လို့ ပြောလိုက်ပါတယ်။ 

ထရမ့်က သောကြာနေ့ အိမ်ဖြူတော်အပြင်ဘက်သတင်းစာရှင်းလင်ပွဲမှာ သတင်းထောက်များအား “ကျနော်က အပစ်အခတ်ရပ်စဲရေးကို မလုပ်ချင်ဘူး။ ခင်ဗျားတို့သိလား၊ တစ်ဖက်ကို ရှင်းရှင်းလင်းလင်း ဖျက်ဆီးပစ်လိုက်နိုင်တဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲရေး ကို လုပ်လို့မရပါဘူး” လို့ပြောသွားပါတယ်။ 

အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အီရန် ရေတပ်၊ လေတပ်နှင့် လေကြောင်းရန်ကာကွယ်ရေးများအားလုံးကို  ချေမှုန်းပစ်လိုက်နိုင်ပါတယ်။ အီရန်က ပြီးဆုံးသွားပါပြီ လို့လည်း ပြောကြားလိုက်ပါတယ်။ 

ထရမ့်က ၎င်းရဲ့ နေတိုးအဖွဲ့ မဟာမိတ်များအား “လူယုတ်မာများ” လို့ သောကြာနေ့က တံဆိပ်ခတ်ခဲ့ပြီး နေတိုးအဖွဲ့ဆိုတာ အမေရိကန်ခေါင်းဆောင်မှုမရှိဘူးဆိုရင် “စက္ကူကျား” အဆင့်သာသာပဲ ရှိတယ် လို့ ပြောခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရဖို့အတွက်က မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်မှ ဖြစ်မယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

"ကျနော်တို့ အမေရိကန်အနေနဲ့ ဒီရေလက်ကြားကို တိုက်ရိုက် မသုံးပါဘူး။ အမေရိကန်က အဲဒါကို မလိုအပ်ပါဘူး။ ဥရောပက လိုအပ်တယ်။ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ တခြား တော်တော်များများက တစ်ချိန်ချိန်မှာတော့ သူ့ဟာသူ ဖွင့်ပေးမှာပါ" လို့ နောက်ပိုင်းမှာ ပြောပါတယ်။ သူက အဲ့လိုပြောပေမဲ့ အမေရိကန် ကုန်းရေနှစ်သွယ် သင်္ဘောများနှင့် မရိန်းတပ်သား ထောင်ပေါင်းများစွာကို ဗျူဟာမြောက် ရေတပ် စစ်ဆင်ရေးကို အားဖြည့်ရန် အရှေ့အလယ်ပိုင်း ဒေသထဲမှာ  ဖြန့်ကျက်ချနေတယ်လို့ အမေရိကန် မီဒီယာများက ဖော်ပြခဲ့ပါတယ်။ 

အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံရဲ့ ရန်သူများအတွက် “ပန်းခြံများ၊ အပန်းဖြေစရာနေရာများနှင့် ကမ္ဘာလှည့်ခရီးသည်များပင်လျှင် ဘေးကင်းမည်မဟုတ်” လို့ သတိပေးခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)